𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫𝗫𝗜𝗩 ❮𝗨𝗻𝗶❯

911 129 159
                                    

pasta အား ချက်ပြုတ်ပေးနေသော Jake ၏ နောက်ကျောပုံရိပ်က အနက်ရောင် apron ရဲ့ အကူအညီနဲ့ ထင်းထွက်နေတဲ့ လက်ပြင်နဲ့ သိမ်းထုတ်ထားတဲ့ ခါးကျဥ်ကျဥ်ပါ ပေါင်းလိုက်တော့ သိပ်လှပတဲ့ မြင်ကွင်းတစ်ခုလို ဖြစ်နေပါတော့သည်။

အမျိုးသားတစ်ယောက် မီးဖိုချောင်၀င်လျှင် ဤမျှ လှပမည်မှန်း Jay မသိခဲ့ရိုး အမှန်။

မကြည်လင်တဲ့ စိတ်အကုန် တုတ်နဲ့ ရိုက်ထုတ်ခံလိုက်ရတဲ့ Jay ဟာလည်း ထမင်းစားပွဲ၌ ချက်ချင်း ၀င်ထိုင်ပြီး Jake အား ထိုင်ကြည့်နေရန် ရွေးချယ်ခဲ့မိသည်။ 

ÉTOILÉ ကို Jay လွှဲယူခဲ့တုန်းက ထင်ပါတယ်။

Jake လို လသားအရွယ် ခွေးပေါက်ကလေးက စားဖိုဆောင်က စားဖိုမှူးတွေကို အနိုင်ကျင့်ပြီး သူ့အတွက် ချက်ပြုတ်နည်းတွေ အသည်းအသန် သင်ယူခဲ့တာ။

အဲ့ဒီတုန်းကဆို Jake ရဲ့ အဆစ်နီနီ သွယ်သွယ်လျလျ လက်ကလေးတွေဆိုတာ ပလာစတာနဲ့ မိတ်ဖက်ထားခဲ့သလို။

စစချင်းမှာတော့ သူ့ရှေ့ရောက်လာတဲ့ စားစရာတွေအား Jay ငြင်းပယ်ခဲ့ပေမဲ့ ကြာလာတော့လည်း ဇွဲကြီးတဲ့ ဝံပုလွေပေါက်ကြောင့် သူ့အစာအိမ်ထဲ၌သာ အဆုံးသတ်ခဲ့ရကော။

ပြီးတော့ အရင်က Jake လုပ်တတ်တဲ့ ချစ်စရာ အမူအရာလေး တစ်ခုရှိသေးတယ်။

ထိုအရာက ဘာလဲဆိုတော့ သူ့ရှေ့ စားစရာ ချချပေးချင်း 'ချစ်တယ် Jay' ဆိုတဲ့ စကားအား အပြုံးနုနုဖြင့် ခပ်တိုးတိုး ရွတ်ဆိုလေ့ ရှိခြင်း။

ဒီကို ပြန်လာကတည်းက ပျောက်သွားခဲ့တဲ့ အကျင့်လည်း ဖြစ်ပြီး ထိုအရာအား အနည်းငယ်မျှတောင် မလွမ်းဆွတ်မိပါဘူး လို့ ဆိုလျှင် Jay သိသိသာသာကြီးကို လိမ်ရာကျလိမ့်မည်။

သို့သော်လည်း ကြားရရင် တစ်ခုခု ထူးခြားသွားနိုင်သည်မို့ Jay ကြားလည်း မကြားလိုတော့ပါ။

အခုဆိုရင် Jake ရဲ့ ဓာတ်ပုံတွေက phone gallery ထဲမှာ folder သက်သက်နှင့် နေရာယူခဲ့ပြီ။

နိုးနိုးချင်း အနားက အိပ်ပျော်နေတဲ့ ကောင်လေးက ချောရက်လွန်းတာကြောင့် မနေနိုင်စွာ ရိုက်ယူခဲ့မိတဲ့ ပထမဆုံးနေ့က ဓာတ်ပုံတစ်ပုံ၊ ထိုနေ့ညကပဲ ရင်ခွင်ထဲ အိပ်ပျော်ခဲ့တဲ့ ကောင်လေးရဲ့ နောက်ထပ်တစ်ပုံ။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now