𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗜 ❮𝗨𝗻𝗶❯

2.4K 194 34
                                    

"မတွေ့တာကြာပြီ Korea!"

ပြောရင်း လက်နှစ်ဖက်အား ဆန့်တန်းကာ မရောက်တာကြာပြီဖြစ်တဲ့ Korea မြေထက်က လေအား တ၀ကြီး ရှူသွင်းလိုက်သော ကောင်လေး။

ချောမောတဲ့ အသွင်အပြင်ကြောင့်သာ မဟုတ်ပါရင် ကောင်လေးဟာ ကျိန်းသေပေါက် အရူးစာရင်း အသွင်းခံရမှာ အသေအချာ။

ရွှေရောင် Prada တံဆိပ်ပါ sunglasses ၊ Celine မှ ထုတ်လုပ်သော oversized leather bomber jacket နှင့် သူ့အောက်က လိုက်ဖက်ညီစွာ tee shirt အနက်ရောင် ပွပွတစ်ထည်။ သွယ်လျသော ခြေတံရှည်များ ထက်တော့ နက်မှောင်နေသည့် wide jeans နှင့်အတူ မီးသွေးခဲရောင် Prada leather boots တွေ။

နာမည်ကြီး brand တွေချည်း ဆင်မြန်းထားသော ကောင်လေးဟာ ပရိသတ်အပေါင်း ရူးခါသွားအောင် ဆွဲဆောင်မှုရှိသည်။

ကိုင်ထားသော အနက်ရောင် leather အိတ်၏ ကြိုးအား ဆုပ်ကိုင်ထားသော လက်ဖမိုးနှင့် luggage လက်ကိုင်ပေါ် ခပ်ဖွဖွ တင်ထားတဲ့ လက်ပေါ်က သွေးကြောစိမ်းစိမ်းတွေဟာ ရွှေသားပေါ် ကျောက်စိမ်းစီခြယ်ထားသော ရွှေထည်တစ်ခုလို မထိရက် မကိုင်ရက်စရာ။

"တောင်းပန်ပါတယ် သခင်လေး ကျွန်တော် နည်းနည်း နောက်ကျသွားပါတယ်"

ကောင်လေးအား ခါးညွှတ်ကာ တောင်းပန်စကားဆိုတဲ့ ကောင်လေးထက် အတော်လေး ကြီးပုံပေါ်သည့် လူကြီးတစ်ယောက်။

သူတို့ သခင်လေးရဲ့ဒေါသကို သူတို့သာ သိပါတယ်။

"ရတယ် ဟိုစစ်ဒီစစ် နည်းနည်းစစ်နေကြလို့ ကျွန်တော်လည်း အခုမှ အပြင်ရောက်တာ"

ကြည်လင်နေတဲ့ စိတ်အစုံဟာ သေးသေးလေးတောင် အထိမခံတဲ့ ကောင်လေးရဲ့ နှုတ်ခမ်းထောင့်တွေအား ထူးခြားစွာ ကော့ညွှတ်နေစေတယ်။

"သွားကြရအောင်"

"ဟုတ်ကဲ့ သခင်လေး"

ပြောအပြီး လူကြီးဟာ luggage အား ကားပေါ်ခပ်သွက်သွက် တင်လိုက်သည်။

ထိုအချိန်တွင် ကောင်လေးက ကားတံခါးအား သူကိုယ်တိုင်သာ ဖွင့်လိုက်ပြီး...။

"အကို့ဆီကို မဟုတ်ဘဲ ÉTOILÉ hotel ဆီ အရင်သွားရအောင်"

စကားအဆုံး ပွင့်နေသော တံခါးမှ ကားထဲသို့ ၀င်သွားသည့် ကောင်လေးဟာ သူဒီနေ့ ဘာကြောင့် ကြည်လင်နေသည်လဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို တစ်ပါတည်း ဖြေသွားသလို။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now