𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫𝗩𝗜𝗜 ❮𝗨𝗻𝗶❯

1.3K 156 119
                                    

အရာရာအား အနက်ရောင် ခြယ်သထားသော ကုတင်ထက် Jake ဟာ ငြိမ်းချမ်းစွာ အိပ်စက်နေသည်။

ယခုနက‌ မျက်လုံးနေထိုးလို့ လိုက်ကာ ထပိတ်ခဲ့တာကြောင့် အနားမှာ Jay မရှိ‌တော့ဘူး ဆိုတာလည်း သိနေတယ်။

သို့သော်လည်း Jay လိုတော့ အနားမှာ မရှိသူအား လိုက်မရှာမိ။

ဘာကြောင့်ဆိုသော် Sim Jaeyun မျက်လုံးတွေက အိပ်ဆေးပါရောပါတဲ့ ဆေးတွေကြောင့် ဖွင့်လို့တောင် မရဘူးလေ!!

ကိုယ့်အကြောင်းကိုယ်သိလို့ အချိန်တန်ရင် ပျောက်သွားမယ် ပြောနေတာကို နားမထောင်ဘူး။ အခုတော့ မနက်စာ ထပြင်ပေးဖို့တောင် သူ့မှာ အားမရှိတော့ဘူး။

စိတ်ထဲ Jay အား အမျိုးမျိုး ပွစိပွစိလုပ်ရင်း Jake ပြန်အိပ်ပျော်ခါနီး ခြေတစ်လှမ်းလို ဖြစ်နေပြီ။

အဖျားကတော့ ပျောက်ပြီလား မပျောက်သေးဘူးလား ဝေခွဲတောင် မရ။

အိပ်ချင်လွန်းလို့ အိပ်ဖို့အပြင် ဘာကိုမှကို အာရုံစိုက်လို့ကို မရတာ။

သို့သော်လည်း ထိုအချိန်မှာပဲ...။

*ring ring*

ဖုန်းသံ မပိတ်ထားမိတဲ့ သူ့ကိုယ်သူပဲ အပြစ်တင်ရမလား ဖုန်းခေါ်တဲ့ အစွယ်ပါတဲ့ ကြောင်ဖြူကြီးကိုပဲ အပြစ်တင်ရလေမလား?

"ဘာတုံး?!"

ဟုတ်ပါသည်။ သုံးရက်တောင် မပြည့်သေးဘဲ Park Sunghoon က သူ့အား ဖုန်းလှမ်းခေါ်နေခြင်း ဖြစ်ပါ၏။

"Jakey Jakey ကလည်း ဖြည်းဖြည်းလေကွာ"

လေးလေးပင်ပင် အသံဟာ အရက်တွေများ သောက်နေလေသလား?

သို့သော်လည်း...။

"ဘာလဲကွာ အခုမှ ၇ နာရီပဲ ရှိသေးတာကို"

ညည်းညည်းညူညူပြောရင်း လက်ဖြင့် မျက်လုံးတစ်ဝိုက်အား အားပါပါ ပွတ်သပ်မိသည်။

အရက်သောက် နေတဲ့ Sunghoon က အရေးကြီးသော်ငြား အိပ်စက်ခြင်းကလည်း ယခုအချိန်လေးအတွက်တော့ အလွန်ပေ အရေးကြီးပါသည်။

"ဒီမှာတော့ လေးနာရီ ရှိပြီ ထားပါတော့ နေကောင်းသွားပြီလား?"

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now