𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫𝗜𝗜𝗜 ❮𝗨𝗻𝗶❯

1.2K 131 75
                                    

အပြင်မှာ နေသာကာ ရာသီဥတု ကြည်လင်နေပါသော်ငြား Jay မနက်ခင်းကတော့ မှိုင်းညို့နေခဲ့သည်။

necktie ကို ချည်ပေးမဲ့ လက်သွယ်သွယ် မရှိပါဘဲ ၊ နှုတ်ခမ်းတစ်ဖက် တွန့်ကွေးထားတတ်သည့် မျက်နှာချောချော သူ့ရှေ့မရှိပါပဲ။

သက်ပြင်းအား လေးလေးချကာ အိတ်နှင့် blazer အား ယူကာ အပြင်သို့ ထွက်ရန် ပြန်လိုက်သည်။

သို့သော်...။

သူတစ်ခုခု မေ့ကျန်ခဲ့သည်။

သူ၏ ကုတ်အင်္ကျီအရှည်။

ဆောင်းဦးအား Jay က ပေါ့ပေါ့သေးသေးတွေးပေမဲ့ တစ်စုံတစ်ယောက်ကတော့ ထိုသို့ မဟုတ်ခဲ့ဘဲ အနားမှာ ရှိချိန်တိုင်း နွေးနေအောင် ထား၏။

fuck! မိုးလင်းကတည်းက ဘယ့်နှယ့်ကြောင့် Jake Sim က ခေါင်းထဲ ရောက်နေတာလဲ?

မညာစတမ်း ၀န်ခံရရင် မနေ့ည မအိပ်ခင်ကတည်းက ဆိုသော်လည်း...။

Jay သက်ပြင်းအား ထပ်ချလိုက်ပြီး ဘီဒိုထဲမှ ကုတ်အနက် တစ်ထည်ကိုပါ ဆွဲထုတ်ရင်း အပြင်သို့ ထွက်ခဲ့လိုက်သည်။

"အကို ညီမ မနက်စာ လုပ်ထားတယ် စားသွားပါလား?"

ပြုံးကာ ဆိုလာသည့် မီး‌ဖိုခန်းထဲက သူမ။

အပြာ‌နုရောင် apron လေးအား ၀တ်ထားကာ ဆံ‌ပင်တွေကိုလည်း သူမက အပြောင်သိမ်းကာ စည်းထားသေးသည်။

သေးသေးနုနု မျက်နှာနှင့် ပြုံးနေတဲ့ နူးနူးညံ့ညံ့ အလှတရားက သိပ်ကို လှပါပေ၏။

Jay ခေါင်းညိတ်ရင်း ခုံ၌ ၀င်ထိုင်လိုက်သည်။

"အဒေါ်ကြီးတွေရော? ဘာလို့ တစ်ယောက်တည်းလဲ?"

မနေ့ကတည်းက ပျောက်နေတဲ့ အဒေါ်ကြီးတွေကို Jay အခုမှ မေးဖြစ်သည်။

ဘာလို့ဆို သူ Jake နဲ့ စာပို့ပို့ပြီးချင်း ပြန်ထွက်လာတာနဲ့ သူမဟာ အိပ်နေခဲ့သည်မို့။

"သူတို့ မိသားစုတွေဆီ အလည်သွားလို့ရအောင် ညီမ ခွင့်တစ်ပတ် ပေးထားတယ် အကို စိတ်မဆိုးဘူးမလား?"

အသနားခံနေတဲ့ ကြောင်လေးလို မျက်၀န်းတွေ။

Jay တစ်ချက် ရယ်မိသည်။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now