𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫𝗫𝗜𝗫 ❮𝗨𝗻𝗶❯

941 87 48
                                    

ကျောက်စိမ်းမြစ်တစ်သွယ်က နို့နှစ်ရောင် မြေသားတစ်လျောက်ဖြတ်ကာ စီးဆင်းနေသည်။

တောင်ထိပ်များ၌ နှင်းဆီခြုံတို့က ခပ်ရဲရဲ နေရာယူ၍ ကြည်လင်နေသော ရေ‌အိုင်များအောက် မြေ၏ အရောင်ဟာလည်း နှင်းဆီတို့၏ ကောင်းချီးအား ရထားသည့်နှယ် ခပ်ရဲရဲ။

အရှေ့အနောက်လွှဲကာရမ်းနေသော ထိုနိဗ္ဗာန်၏နောက် ယင်းဘူမိ၏ အမှတ်အသားဖြစ်သည့် ရွှေရောင်လက်နေသည့် နာရီဟာလည်း ငြိမ်သက်သော အနီရောင်နှင့် ရော၍ မြင်လွှာအား တဖျတ်ဖျတ် တိုး၀င်ကာ ကျီစားလျက်...။

Jay က အသက်တစ်ချက်အား ခပ်သာသာ ရှိုက်ရှူလိုက်သည်။

ထို့နောက် သတ္တိအား ရဲသွေးလောင်းလျက် လက်ဖျားတို့ဟာ ထိုနုနယ်သည့် နို့နှစ်ရောင် လက်သို့ သာသာလေး လှမ်းသည်။

သို့သော်...။

"ခင်ဗျား ဒီနေရာမှာ ရန်ဖြစ်ချင်တာလား?"

ပူပြင်းသော မျက်စောင်းကြီးကြီးတစ်ချက်နောက် မီးစကလေးများက သူ့သို့ပါ လာစင်သလို...။

"ဟင့်အင်း"

တိုးငယ်သော အသံနှင့် တစ်ချက်နှစ်ချက် ခပ်သွက်သွက် ခေါင်းခါလိုက်သူ၏ မျက်လုံးတို့က ဒေါသရိပ်သန်းသော အကြည့်တို့အား ခုခံပုံမှာ ဖြူဖြူစင်စင်။

"အင်း... ငြိမ်ငြိမ် နေလိုက်တော့"

အေးစက်သော အသံက တစ်ချိန်တည်းမှာပဲ ပူပူလောင်လောင်။

ပြောင်လက်နေသော အနက်ရောင် လျှောက်လမ်းထက် ကြွကြွယွယွ လှမ်းသွားသော အနှီးခြေလှမ်းတို့က တည်ငြိမ်သည် ဆိုသော်လည်း တစ်ချိန်တည်းမှာပဲ ဒေါသမော်တာတပ်ကာ မြန်မြန်ဆန်ဆန်။

သို့ပေသည့်...။

Jay က အနည်းငယ် တုန်ချင်နေသော နှုတ်ခမ်းတို့က သွားဖြင့် ဖိကာ တင်းတင်းစိထားသည်။

အခုအချိန် ရယ်လိုက်လျှင် ဒီကလေးက သူ့ကို ကိုရီးယားပြန်ဖို့ အထုပ်ပါ ကိုယ်တိုင် ပြင်ပေးလောက်မည်လား?

Jay က မျက်လုံးတို့အား တင်းတင်းမှိတ်ကာ မြူးကြွနေသော နှလုံးအား အပြင်သို့ တိုးထွက်မလာစေရန် ပြန်ကာ ဆွဲလိုက်ရ၏။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now