𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫 ❮𝗨𝗻𝗶❯

1.3K 122 28
                                    

"Jayyy~ မပြန်နဲ့ဗျာ! နော်~ နော်လို့~!"

အခန်းထဲက ထွက်ထွက်လာချင်း တွေ့လိုက်ရတဲ့ မြင်ကွင်းက Jay လက်ကို လှုပ်ကာလှုပ်ကာ ချွဲနေတဲ့ Jaeyun ပဲ။

Ethan သက်ပြင်းဖွဖွ ချမိသည်။

ဘယ်လိုပဲ Sunghoon တစ်ယောက်တည်းသာ ဂရုစိုက်တော့မည် ပြောပြော Jaeyun ဟာလည်း ယခုထိ ဟိုးအနက်ရှိုင်းဆုံးတွင် နေရာယူသည်မို့ Ethan အတွက် မြင်ကွင်းက ခက်ခဲပါသေးသည်။

ပုံမှန်အားဖြင့်တော့ Jake က Jay ကို သိပ်ချွဲတတ်သူမျိုး မဟုတ်။

သူတစ်ယောက်ကိုသာ အမြဲချွဲလာတဲ့ Jaeyun က အခု မျက်စိရှေ့ သူမဟုတ်တဲ့ တခြားတစ်ယောက်ကို ချွဲနေတာ သိပ်တော့ အဆင်မပြေလှဘူး။

Ethan ထိုမြင်ကွင်းအား ငြိမ်ကာ ကြည့်နေမိသည်။

သို့သော်လည်း ထိုအချိန်...။

အေးစက်စက် လက်ချောင်းသွယ်သွယ်တွေက သူ့လက်ဖဝါးထဲ အသာအယာ နေရာယူသည်။

Ethan အနောက်သို့ ဆတ်ခနဲ လှည့်ကြည့်တော့ Sunghoon ဟာ သူ့အား မျက်လုံးတွေဝိုင်းကာ ကြည့်နေပြီး ထိုအထဲတွင် ကြောက်ရွံ့မှုအချို့ကို တွေ့နေရသည်။

ထပ်ပြီး... သေသာ သေလိုက်ပါတော့...။

"Hoon လေး တစ်ခုခု လိုချင်လို့လား?"

ချက်ချင်း အနောက်က ကလေးသို့ အာရုံအပြည့် ပြောင်းပြီး ပေးရပါ၏။

မျက်နှာနုနုထက် လက်ဖဝါးအား အုပ်စေပြီး လက်ချောင်းတွေကို သူ့လက်ထဲ တင်းကျပ်စွာ ဆုပ်ကိုင်သည့်တိုင် ကောင်လေးရဲ့ မျက်၀န်းတွေဟာ လှုပ်လှုပ်ရှားရှား။

"ကလေးလေး ကိုယ်တောင်းပန်ပါတယ်နော်"

နားနားကပ်ကာ တိုးလျစွာ တောင်းပန်စကားဆိုတော့ ထိုကလေးဟာ ခေါင်းခါပါ၏။

ထို့နောက် သူ့ရင်ခွင်ထဲ အသာလေး တိုး၀င်ရင်း...။

"cuddles"

Ethan စိတ်မကောင်းစွာ ပြုံးမိရင်း ခေါင်းညိတ်ရသည်။

"hey hey! လုပ်စရာရှိရင် အခန်းထဲ ၀င်လုပ် ဒီလူခေါင်းမာလို့ စိတ်ညစ်ရတဲ့ကြားထဲ!"

Jaeyun အသံကြားတော့ ခုနကအထိ မျက်နှာမကောင်းခဲ့တဲ့ ကောင်လေးဟာ ရွှင်ပျစွာ စပ်ဖြီးဖြီးဖြင့် Ethan ရင်ခွင်ထဲမှ တိုးထွက်ပြီး မျက်ခုံးတစ်ပင့်ပင့်နှင့် ပြန်စပါ၏။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now