𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗩𝗜𝗜𝗜 ❮𝗨𝗻𝗶❯

1.4K 147 19
                                    

လွန်စွာနုံးချည့်ချည့် ဖြစ်နေသော ခန္ဓာနှင့် နိုးထလာသော Ethan ။

နှာခေါင်းထဲ တိုး၀င်လာတဲ့ ခပ်စိမ်းစိမ်း အနံ့အသက်တွေကြောင့် မျက်လုံးအား အသာဖွင့်မိတော့ မရင်းနီးတဲ့ မျက်နှာကြက်။

သူ့ကိုယ်သူ ပြန်စမ်းကြည့်တော့လည်း shirt အင်္ကျီအား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားသေးသည့် အပြင် စောင်အလွှာအောက်၌ပါ သေချာ ရှိနေသေးသည်။

မနေ့က ဘာဖြစ်သွားတာလဲ?

ကလေးနှစ်ယောက်ကြောင့် သူမူးအောင် သောက်ခဲ့မိတယ်။

အဲ့တာ ပြီးတော့ရော...?

Ethan မျက်လုံးတွေပေါ် လက်တင်လျက် မနေ့က ဖြစ်ရပ်အား သေချာ ပြန်စဉ်းစားမိသည်။

သူက မူးတုန်း ဘာလုပ်ခဲ့ခဲ့ သေချာ ပြန်မှတ်မိတတ်တဲ့လူဆိုတော့ ကိုက်ခဲနေတဲ့ ဦးနှောက်ကြားက မှတ်ဉာဏ်အကန့် အချို့အား မွှေနှောက်ရှာရသည်မှာ သိပ်အခက်ကြီးတော့ မဟုတ်လှ။

မနေ့ကညက ‌လမ်းတောင် မလျှောက်နိုင်တော့တဲ့ သူ့ကို Sunghoon က ကုန်းပိုးသွားခဲ့တယ်။

အင်း။ Sunghoon ။ ဘာလို့လဲဆိုတော့ သူ Sunghoon ရဲ့ ကိုယ်သင်းနံ့ကို သေချာမှတ်မိတယ်။

ပြီးတော့....။ ပြီးတော့.......။

"သေလိုက်ပါတော့ Lee Heeseung ရာ!"

ကိုယ့်ကိုယ်ကို ခပ်တိုးတိုး ကြိတ်ကာ ကျိန်ဆဲမိပြီး Ethan ငေါက်ခနဲ ကောက်ထိုင်မိသည်။

ထို့နောက် အခန်းအား ခေါင်းလှည့်ကာ ပုံရိပ်လေးတစ်ခုကို ရှာတော့ စိတ်မကောင်းစွာ တွေ့လိုက်ရတဲ့ မှန်မျက်နှာစာဘေးက စားပွဲဝိုင်းလေးပေါ် မှောက်နေတဲ့ ကလေး။

ဘေးနားမှာလည်း ဘီယာပုလင်းနဲ့ cigarette တွေ ဝိုင်းလို့။

Sunghoon က cigarette ‌တွေ သောက်တတ်ခဲ့တာပဲ...။

Ethan သက်ပြင်းချပြီး ထိုကလေးအား သေချာမြင်ရရန် စားပွဲအားလက်ထောက်ကာ အရှေ့မှ နေ၍ ကိုယ်ကို အသာ ကိုင်းညွှတ်ကြည့်လိုက်သည်။

ခြောက်သွေ့နေတဲ့ မျက်ရည်စီးကြောင်းတွေနဲ့ အခုထိ စိုစွတ်နေသေးတဲ့ မျက်တောင်လေးတွေ။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now