𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗩𝗜𝗜 ❮𝗨𝗻𝗶❯

1.4K 152 65
                                    

"Jake ငါ ဟိုလူကြီးနဲ့ ချိန်းထားတာ သွားလိုက်ဦးမယ်"

"ဒီနေ့ Ethan က ငါနဲ့ movie date မယ်ပြောတယ်"

"Jake... Hee hyung အောက်ရောက်နေပြီ"

"ကိုကို့အိမ် ခဏ သွားလိုက်ဦးမယ်"

နာမ်စားပေါင်း သောင်းခြောက်ထောင်နှင့် ကိုကိုထိပ်ထားစံလေးဟာ အိမ်မှာ ကပ်တဲ့ရက် တစ်ရက်ကို မရှိ။

နာနာ ထပ်မတွေ့တော့ဖို့ သဘောတူထားပြီး အခုမှ စိတ်ပူနေတဲ့ သူဟာ သူ့အပူနဲ့သူ မအေးရသော်လည်း Sunghoon က ထိုအရာကို သေးသေးလေးတောင် ဂရုမစိုက်။

Ethan hyung က ဟိုဟာ ၊ Ethan hyung က ဒီဟာနဲ့ တစ်နေ့တစ်နေ့ နားတွေညီးလွန်းလို့ အထုပ်ပြင်ပြီး လူရော ၊ အထုပ်ရော Ethan hyung အိမ်သာ လွှင့်ပစ်ပါလိုက်ချင်သည်။

အခုဆိုရင် တစ်ပတ်နီးနီး။

Jay ကတော့ ဘယ်လိုဖြစ်နေမလဲ မသိပေမဲ့ Jake ကတော့ ထိုင်မရ ထမရ ဖြစ်နေပြီ။

အကယ်၍ Jay သာ သူ့ကို စိတ်ဆိုးပြီး နောက်တကယ် ထပ်မတွေ့ချင်တော့ပါဘူး ဆိုရင် Jake Sim တို့ သေပြီပဲ။

စိတ်ပူမှုကြောင့် လောင်ကျွမ်းနေတဲ့ အတွင်းပိုင်းဟာ အပြင်က ရာသီဥတုနဲ့ လားလားမျှမဆိုင်။

Jake စိတ်ညစ်ညစ်နှင့် မျက်နှာပေါင်းတင်ဖို့ ရေခဲသေတ္တာထဲ ထည့်ထားတဲ့ သခွား‌သီးတွေကိုသာ ထိုင်ကိုက်နေမိတော့၏။

"Jake! Ethan က-"

"တော်ပြီ! Ethan hyung အကြောင်း ထပ်ပြောမယ်ဆို အထုပ်ပြင်ပြီး သူ့အိမ်သွားနေလိုက်တော့"

ရေချိုးခန်းက ထွက်ထွက်ချင်း Ethan hyung အကြောင်း ပြောလာတဲ့ Sunghoon ကို ပိတ်ဟောက်မိတော့ ထပ်မပြောတော့သော်လည်း လက်ထဲက ရေခဲချောင်းအား ကိုက်ရင်း ကိုက်ရင်း သူ့အား ထိုအတိုင်း ရပ်ကြည့်နေသည့် Sunghoon ။

မ‌ပြောခိုင်းမချင်း ထိုနေရာက ဖယ်မှာ မဟုတ်တဲ့ Sunghoon ရဲ့ အကြောမာမာ ရုပ်ကြောင့် နောက်ဆုံး Jake ကသာ သက်ပြင်းချရင်း အရှုံးပေးရသည်။

"ကဲ! ဘာလဲ ပြော?"

ချက်ချင်း ပြုံးသွားသည့် Park Sunghoon ဟာ ကျန်နေသေးသည့် ရေခဲချောင်းလေးအား ကျန်သလို ဖြတ်ရင်း နှုတ်ခမ်းဟလာသည်။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now