𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫𝗫𝗩𝗜 ❮𝗨𝗻𝗶❯

1K 124 125
                                    

အနွယ်စုံ ကျေးငှက်ကလေးတို့က ပြတင်းပေါက် အပြင်က သစ်ကိုင်းကြီးတွေပေါ် ခိုနားရင်း အခန်းထဲက မွေ့ရာဖြူဖြူပေါ် စောင်ကြီးတွေထဲ လုံးနေသည့် အိမ်ပိုင်ရှင်၏ အလှကလေးအကြောင်း ကျယ်လောင်စွာ ချီးမွမ်းထောမနာပြုနေကြသည်။

ဟေမန် မရောက်ခင် ဥတု၏ နေ့လယ်ခင်း နေရောင်ခြည်နုနုကလည်း မျက်နှာဖြူဖြူလေးရဲ့ အိပ်မောကျနေတဲ့ အလှကို မြင်ချင်နေဟန်။

မျက်ခုံးထူထူတွေက တွန့်ကွေးလာသည်။

ကြည်လင်တဲ့ မဟူရာကလေးတွေတောင် ပေါ်မလာခင် ဟေမန်ပြိုင်ကာ လှပမည့် လက်ကလေးတစ်ဖက်က ဘေးနားက တစ်စုံတစ်ယောက်အား လိုက်စမ်းသည်။

သို့သော်…။

မျက်လုံးတို့က ဆတ်ခနဲ ဖွင့်သည်။ မျက်မှောင်တို့အား ကြုတ်ပစ်ကာ ကျယ်ပြန့်သော နေရာလွတ်သို့ လှမ်းကြည့်သည်။

လွန်တာပဲ…။

ဒဏ်ရာပိစိလေးတွေရှိသော ပန်းနုရောင် အောက်နှုတ်ခမ်းဖောင်းဖောင်းက ပိုင်ရှင်၏ သွားများကြား ရန်မူခံရပြန်သည်။

သုံးမြှောင့် ထမင်းဆုပ်ကလေးအား ဇောက်ထိုးလှန်ထားသလို အပေါ်ပိုင်း၌ Ethan ၏ ဆွယ်တာ ဖြူဖြူ ရှိပြီး အောက်၌တော့ အဖြူရောင် ဘောင်းဘီကလေးအား ၀တ်ဆင်ပေးထားသည်။

ကိုက်ခဲနေသော အရိုးအဆစ်တို့အား လျစ်လျူရှူကာ ဖြည်းဖြည်းချင်း ထိုင်လိုက်သော မျက်နှာကလေးက ညနေက ခေါက်ဆွဲတွေကြောင့် ဖောင်းကာ စူစူပွလေး။

ထို့နောက် မျက်လုံးထဲ ခပ်ပြာပြာလေး ‌တိုး၀င်လာတဲ့ အရာလေးတစ်ခု…။

ခေါင်းအား ဆတ်ခနဲ လှည့်ကာ ကြည့်လိုက်တော့ sticky note ကလေး တစ်ရွက်။

လှစ်ခနဲ လှမ်းယူကာ ဖတ်ကြည့်လိုက်တော့ ရေးထားသည်ကား…။

'ကိုယ် အလုပ်ရှိလို့ စောစောသွားနှင့်ပြီနော် အဒေါ်ကြီးတစ်ယောက် ထမင်းလာပြင်ပေးလိမ့်မှာမို့ စားလိုက်ပါ ဒီညလည်း နောက်ကျမှာမို့ Sunghoon အိမ်ပြန်ချင် ပြန်လိုက်လို့ရတယ် ဒါပေမဲ့ ကိုယ့်ကိုတော့ လှမ်းအသိပေးပေး ကိုယ်လာခဲ့မလို့'

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now