𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫𝗫𝗜𝗜 ❮𝗨𝗻𝗶❯

729 95 63
                                    

"Ethan..."

Sunghoon ၏ နှုတ်ခမ်းဖျားက ထိုနာမည်အား တိုးတိုးကလေး ခေါ်ဆိုလိုက်သည်။

ရေးရေးလေး ပြုံးနေသော နှုတ်ခမ်းများနှင့် ကပတိ စူးစမ်းချင်နေသော စိတ်ကလေးက မနေ့ညက သူငယ်ချင်းဖြစ်သူ ပြောပြခဲ့သော ထိုအမျိုးသား၏ ကောင်းခြင်းများကြောင့်သာ ဖြစ်ပါ၏။

Jake က ပြောတယ်။ အဲ့ဒီလူက ဂန္ထ၀င်ပန်းချီကားလေး တဲ့။

လှပသော မျက်လုံးများအကြောင်း အနုစိတ်ပြောပြခဲ့ပြီး ထိုလူ၏ အေးချမ်းကာ မြင့်မြတ်သော ရုပ်ရည်သွင်ပြင်အကြောင်း အချိန်ကြာမြင့်စွာ ထိုင်ပြောပြခဲ့သည်။

ပြီးနောက် အရာရာအားလုံးထက်... ထိုလူရဲ့ လှပတဲ့ နှလုံးသား။

Jake ကိုဆို သိပ်ချစ် ၊ သိပ်အရေးပေးလွန်းတဲ့ ထိုလူအား နှစ်ယောက်သော လူနှစ်ဦးနှင့် ယှဉ်လျှင် မိုးနှင့်မြေ ကဲ့သို့ ကွာခြားစွာ စိတ်၀င်စားရင်း Sunghoon သဘောကျခဲ့ပါ၏။

"Baby... Ethan အကြောင်း ထပ် ပြောပြပါဦး"

Jake ၏ နှုတ်ခမ်းတို့ဟာ စချင်သလို ပြုံးစိစိ။

အငွေ့တထောင်းထောင်း cookie ပန်းကန်ဖြင့် စာလုပ်နေသူအား လာဘ်လာထိုးသူအား Jake က တိတ်တိတ်ကလေး စူးစိုက်ကြည့်ရင်း မျက်လုံးများ ကြားထဲမှ အရိပ်အရောင်အား လိုက်ဖတ်နေသည်။

Sunghoon ရဲ့ ပါးနှစ်ဖက်က ခပ်ရဲရဲ ဖြစ်လာပြီး မျက်လုံးတို့က အကြည့်လွှဲသွားချိန်မှာတော့ Jake က ဟက်ခနဲ တစ်ချက် ရယ်သည်။

စင်စစ်အားဖြင့်တော့ Sunghoon က ထိုလူအား စိတ်သာ ၀င်စားခဲ့ရုံလေးပါ။ သို့သော် Jake က ထိုလိုကြီး လာကြည့်တော့ သူလည်း အနေခက်ပြီး ရှက်လာတာပေါ့။

ဘာလို့ဆို Sunghoon ဆိုတာက နဂိုကတည်းက ရှက်ခြင်း အခံလေးရှိပြီးသား ကောင်လေးတစ်ယောက်လေ။

ပြီးနောက် Jake က cookie လေး တစ်ခုအား သေးသေးလေး ဖဲ့လိုက်ပြီး...။

"Ethan hyung... အဲ့ hyung က စည်းကမ်းကြီးတယ်"

Sunghoon က ခေါင်းတဆတ်ဆတ် ညိတ်ပြီး ‌သိုးမွှေး sweater အနက်ကလေး၏ လက်ဖျားများအား စိတ်လှုပ်ရှားစွာ ဆွဲချလိုက်သည်။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now