𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗜𝗜𝗜 ❮𝗨𝗻𝗶❯

1.4K 157 70
                                    

အပ်ကျသံတောင် ကြားနိုင်လောက်မည့် တိတ်ဆိတ်လျက်ရှိသော ရုံးခန်းထဲမှ သက်ပြင်းချသံက ခပ်ကျယ်ကျယ်။

အခန်းထဲရှိ တစ်ဦးတည်းသော အမျိုးသားမှာ လှပသော မျက်ခုံးတန်းထူထူအား ကျုံ့ထားကာ အတော်ကြီး စိတ်ရှုပ်နေဟန်ပေါ်၏။

နောက်တစ်ချက် ပန်းနုရောင် နှုတ်ခမ်းကြားမှ လေအား မှုတ်ထုတ်ရင်း ထိုင်ခုံအား မှီလိုက်သည့်တိုင် သူ၏ စိတ်ရှုပ်ဖွယ် အတွေးတို့မှာ လိုချင်ခဲ့သလို ပျောက်ကွယ်မသွား။

စားပွဲတွင် ပုံနေသော စာရွက်များအား ဂရုမစိုက်နိုင်သည်အထိ သူ့အာရုံဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်က အဖြစ်အပျက်တို့ဆီ ပျံ့ခနဲ လွင့်ခနဲ။

ထိုကောင်လေးဟာ ကနေဦးကတည်းက ခေါင်းခဲစရာ သတ္တဝါလေး။

အတည်တကျ မပြောတတ်သော ကောင်လေး၏ ရွှတ်နောက်နောက်စရိုက်ကို သိသည့်တိုင် ထိုကောင်လေးပြောသမျှ စကားတိုင်းကို ဂရုပေးနေမိတော့ Jay ကိုယ်တ်ိုင်ဟာ ပိုလို့တောင် ခေါင်းခဲစရာ။

နောက်ဆုံးတစ်ချက် သက်ပြင်းချရင်း အလုပ်စားပွဲပေါ် ပုံနေသော တစ်ပတ်စာ အာရုံပျံ့လွင့်ခြင်း၏ ရလဒ်များအား ရှင်းရန် Jay စိတ်ကို ပြင်ဆင်လိုက်သည်။

သို့သော် သူလက်မခံတဲ့ အချက်အလက်တစ်ခုဟာ ခဏကြာရင် သူ့စိတ်က လွန်ခဲ့တဲ့ မိနစ်အ‌နည်းငယ်လောက်တုန်းကနဲ့ ခြားနားခြင်း မရှိတဲ့ နေရာကို ပြန်ရောက်သွားမယ် ဆိုတာ။

"Jay...?"

ချိုမြမြ အသံဟာ နိုးနိုးချင်းကာလ ဖြစ်တာကြောင့် ခပ်နက်နက်ဖြစ်နေ၏။

သူယခုနက တိုး၀င်ခဲ့သော တစ်စုံတစ်ယောက်၏ ရင်ခွင်ဟာ ယခုမှာတော့ အေးစက်စက် နေရာလွတ်ဖြစ်နေတာကြောင့် Jake ချက်ချင်း ကောက်ထိုင်မိသည်။

ကျိန်းသေပေါက် ထွက်သွားဦးမည် မဟုတ်သော လူအား ခေါင်းလှည့်ကာ ပတ်ရှာမိတော့ လေသာဆောင် ၀ရန်တာအား လက်ထောက်ကာ ပင်လယ်အား ကြည့်နေသော သူ၏ တပ်မက်မှု။

ရေချိုးပြီးခါစ ဖြစ်ဟန်တူသည့် ထိုလူအား အောက်ပိုင်းအား တဘက်တစ်ထည်သာ ပတ်ကာ ရဲရဲတင်းတင်း လေတိုက်ခံနေ၏။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now