𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫𝗫 ❮𝗨𝗻𝗶❯

1.4K 168 107
                                    

"မင်းမိသားစု ၊ မင်းမိဘတွေ ၊ မင်းသူငယ်ချင်းတွေ... မင်း သူတို့ကို နည်းနည်းလေးမှ မသနားတော့ဘူးလား?!"

ခပ်ကျယ်ကျယ် အော်ရင်း တွေခနဲ ဖြစ်သွားသော မျက်နှာချောချောကို မြင်တော့ Sunghoon က အသာလေး အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

လွန်ခဲ့တဲ့ နာရီ၀က်လောက်က ခြောက်ကပ်ကပ် bar ၏ လေထုကြောင့် Sunghoon က ပျင်းရိခြင်းအား အနိုင်ယူရန်အတွက် ထို bar မှ ခပ်စောစော ထွက်ခဲ့ပါ၏။

ဆိုပေမဲ့ သာမန်လူတွေ အတွက် ဆိုရင်တော့ Sunghoon ရဲ့ စောတယ် ဆိုတာက စောမနေလှပါဘူး။

မနက် ၃ နာရီ။

အလုပ်များသော London မြို့၏ ၈၉% လောက် အိပ်မောကျနေလောက်မည့် မနက် ၃ နာရီ။

"ခေါင်းမမာပါနဲ့လား သေမဲ့ သေ ကိုယ့်နိုင်ငံမှာ ကိုယ်သေရမှာပေါ့ ဘာလို့ သူများ နိုင်ငံက တံတားပေါ် လာသေမှာလဲ?"

Sunghoon စကားကြားတော့ တံတား၏ အပြင်ဘက် လက်ရမ်းအား တံတောင်ဖြင့် ထောက်ကာ ခြေချစရာ နေရာကျဉ်းကျဉ်းလေး၌ ရပ်နေသော နိုင်ငံတူ အမျိုးသားလေးက အသက်မပါစွာ ခပ်ခြောက်ခြောက် ရယ်သည်။

"ကိုယ့်လမ်းကိုယ် သွားကြရအောင်လား? မဆိုင်တာတွေ ၀င်မပါဘဲနဲ့လေ"

ချိုမြိန်လှတဲ့ အသံတိုးတိုးဟာ Sunghoon နားထဲ အတော်လေး အင်အားမရှိစွာ တိုး၀င်လာသည်။

Bar ထဲက စောစောစီးစီး ထွက်လာခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ကျေးဇူးတင်မိတော့တယ်။

ဒီလို ချောချောမောမော လူမျိုးတူ လူငယ်ကလေးက ဒီအတိုင်းကြီး လောကကြီးကို စွန့်ခွာသွားဖို့ ဆိုတာက နှမြောစရာ တစ်ခု မဟုတ်လား?

လူကောင်းတော့ မဟုတ်ပေမဲ့ Sunghoon က ဒီလောက်ချောတဲ့ လူတစ်ယောက်ကို ရပ်ကြည့် လက်လွှတ်လိုက်ဖို့အထိ မဆိုးသွမ်းလှပါဘူး။

"မင်းမှာ ပြဿနာ တစ်ခုခု ရှိတယ် မဟုတ်လား?"

ဆေးရုံ ၀တ်စုံနဲ့ လောကကြီးကို စိတ်ကုန်တာထက် ပိုနေသော မျက်နှာအား ကြည့်မယ် ဆိုရင်ဖြင့် ထိုအမျိုးသားမှာ ပြဿနာ တစ်ခုခု ရှိမှန်း သိသာလှပါတယ်။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Waar verhalen tot leven komen. Ontdek het nu