𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫𝗩𝗜𝗜𝗜 ❮𝗨𝗻𝗶❯

1.5K 168 75
                                    

"London မြို့တွင်းပိုင်းက ခင်ဗျား မြင်တဲ့ အတိုင်း မီးခိုးရောင် ၊ အုတ်ဖျော့ရောင်တို့လို အရောင်မှိုင်းမှိုင်းတွေလေ Jay"

"အဲ့တာကြောင့် မြို့ထဲက လူတွေက အမြင်အာရုံနဲ့ စိတ်ကို လန်းဆန်းစေဖို့ ဒီကို လာကြလေ့ရှိတယ်"

Jay မှာ Jake တစ်ယောက်ရှိတာ tourist guide ကောက်ရထားသလိုပဲ။

ရှင်းပြနေလိုက်တာ ရှင်းပြနေလိုက်တာဆိုတာ စစဝင်ကတည်းက။

ဆိုင်တွေ အကြောင်းအစ founder အကြောင်းအဆုံး သူအကုန်သိတယ်။

"အစားအသောက်တွေက ကောင်းတယ် ဒါပေမဲ့ ခင်ဗျားတော့ ကြိုက်ပါ့မလား မသိဘူး"

ပြောရင်း ကောင်လေးဟာ စောင်းငဲ့ကြည့်လာတာကြောင့် ပြုံးပြုံးကြီး ငေးနေမိတဲ့ သူ့ရုပ်သူ Jay အရှက်ပြေ ပြင်လိုက်ရသည်။

"ခင်ဗျား နားထောင်နေတာရော သေချာရဲ့လား?"

"အင်း နားတော့ ထောင်နေတာပဲ"

စူပုတ်ပုတ်ကြည့်ပြီး ‌မျက်စောင်းထိုးသွားတဲ့ ကလေးစုတ်လေးဟာ အဖြေကို သဘောကျပုံ မပေါ်။

ဆိုပေမဲ့ သူက ဘယ်လို လုပ်ပေးရမှာလဲ?

ဒီလောက် ချောတဲ့ကလေး အနားထားပြီး မငေးမိဖို့ဆိုတာ ဖြစ်နိုင်တဲ့ ကိစ္စမှ ဟုတ်မနေတာ။

Jay ဖွဖွလေး ရယ်ရင်း အနက်ရောင် leather trench coat ရှည် ၀တ်ဆင်ထားသော ကောင်လေး၏ အိတ်ကပ်ထဲ ထည့်ထားသော လက်တစ်ဖက်အား အသာယူကာ ထုတ်လိုက်သည်။

"လက်ကိုင်ထားချင်တယ်"

Jake ပြောခဲ့သလိုပဲ။

သူ့ရဲ့ လက်တွေထဲ Jake ရဲ့ လက်ကလေးတွေ နစ်မြုပ်နေတာမျိုး Jay လည်း သဘောကျမိပါရဲ့။

"Jay မကြိုက်ဘူးလား?"

vegan food တွေသာ ရတယ် ဆိုကတည်းက သိလိုက်ပေမဲ့ ဤမျှလောက် မကြိုက်မည်မှန်းတော့ Jay လည်း မမှန်းမိခဲ့။

"ရတယ် ကိုယ်သစ်သီးတွေပဲ စားလိုက်မယ်"

အုတ်ဂျုံရယ် ၊ အပေါ်က လှီးကာ တင်ထားတဲ့ ငှက်ပျောသီးတစ်လုံးရယ် ၊ blueberry တွေရယ် ၊ peanut butter ရယ်။

မကြိုက်တာမှ အတော်လေးကို Jay မကြိုက်တာ။

"ဟုတ်ပြီ မြန်မြန်စားပြီး ဒီကနေ ထွက်ကြတာပေါ့"

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now