𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗜𝗫 ❮𝗭𝗮𝘄❯

363 13 0
                                    

"Sunghoon" "Ethan"

တစ်ပြိုင်နက်တည်း ထွက်သွားကြတဲ့ ထိုနာမ်စားတွေ။

"အရင်ပြောပါ"

ကိုယ်ရှိန်အား သတ်ကာ ခုံပေါ်ပြန်ထိုင်ရင်း ဦးစားပေးတော့ Sunghoon က ခေါင်းအသာညိတ်လျက် ကုတင်အစွန်းလေး၌ သူ့ကို ကျောခိုင်းလျက် ထိုင်၏။

သက်ပြင်းရှည်တစ်ချက်ဟာ ငိုက်စိုက်ကျနေတဲ့ ခေါင်းပိုင်ရှင်ဆီမှ ထွက်လာပြီး အချိန်အချို့ကြာသည်အထိ သူတို့ကြား တိတ်ဆိတ်မှုက နေရာယူသည်။

"ကျွန်တော်... London ပြန်သွားတော့မယ်"

စကားတစ်ခွန်းကြောင့် သူဒီလောက်ထိ တုန်လှုပ်သွားရမယ်လို့ Ethan တစ်ခါမှ မတွေးခဲ့ဖူး။

"ဒီအတောအတွင်း ပျော်ခဲ့ရပါတယ် အင်း... မပျော်ခဲ့ရတဲ့ အချိန်တွေလည်း ရှိပေမဲ့ပေါ့... ဘာပဲဖြစ်ဖြစ် အရာအားလုံးအတွက် ကျေးဇူးပါ"

ဖျော့တော့နေတဲ့ အသံနဲ့ အရောင်ခြယ်တဲ့ နှုတ်ဆက်စကားတွေဟာ ကိုယ့်ကိုယ်ကို ဖိအားပေးထားမှန်း သိသာသည်။

"ကိုယ်လက်မခံဘူး"

Ethan မတ်တပ်ထကာ ခြေတံ‌ရှည်တို့အား ထိုကောင်လေးရှေ့သို့ ဦးတည်စေ၏။

"အဲ့ဒီ ကျေးဇူးတင်စကားတွေ ကိုယ်လက်မခံတာ မို့လို့ မင်းဘယ်မှ မသွားရဘူး"

ကုတင်ပေါ် ထိုင်နေတဲ့ ကောင်လေးရဲ့ မျက်လုံးတွေအောက် ဒူးတစ်ဖက်ထောက်ရင်း ထိုင်ကာပြောတော့ ထိုကောင်လေးက သူ့အား အရည်ကြည်အချို့ ရစ်သိုင်းနေသော မျက်ဝန်းတို့ဖြင့် ငုံ့ကြည့်သည်။

"ကိုယ် မင်းကျေနပ်တဲ့အထိ တောင်းပန်ပေးမှာမို့ ကျေးဇူးပြုပြီး ကိုယ့်ကို ထားမသွားပါနဲ့နော်"

မျက်နှာနုနုထက် လက်တစ်ဖက်အား အုပ်စေတော့ တလက်လက်တောက်နေတဲ့ မျက်ရည်တစ်စက်က ကောင်လေးရဲ့ မျက်ဝန်း‌ထဲက ပြုတ်ကျတယ်။

"ခင်ဗျားအကြောင်း Jake သိလား?"

မျက်နှာ အမူအရာ ၊ မျက်ဝန်းတွေ ၊ အသံ အစစအရာရာ တည်ငြိမ်နေတဲ့ Sunghoon ဟာ Ethan အား ထိတ်လန့်စေသည်။

"မပြောတတ်ဘူး ဒါပေမဲ့ သိခဲ့ရင်တောင် သူက ဂရုစိုက်မှာ မဟုတ်ဘူး"

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now