𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗩 ❮𝗨𝗻𝗶❯

1.4K 140 57
                                    

သားမွှေးကုတ် ခပ်ကြီးကြီး အနက်ရောင် ၊ ရှပ်အနီနှင့် style pants အနက်တွေက Jake ကို သာမန်ထက် ပိုပြီး လူကြီးဆန်စေသည်။

လေဆိပ်ရဲ့ မှန်တွေထဲ ပေါ်နေတဲ့ သူ့ပုံရိပ်ကို ကြည့်ရင်း မနေနိုင် မထိုင်နိုင် Jake ပြုံးပြုံးနေမိ၏။

ခဏအကြာမှာတော့ သတိထားကြည့်နေမိသည့် ထွက်ပေါက်မှ သူမျှော်နေသည့်လူဟာ shirt အနက်နှင့် style pants အနက်အား တွဲ၀တ်လျက် ရုပ်ရှင်ထဲမှ ဇာတ်လိုက်လို အရှိန်အဝါမျိုးနှင့် ထွက်လာခဲ့သည်။

သို့သော် ထိုလူဟာ ချမ်းစိမ့်နေတဲ့ ကိုရီးယားရဲ့ ဆောင်းဦးကို မေ့နေပုံပဲ။

Shirt အနက်ကို လက်တွေခေါက်ကာ ပျားရည်ရောင် အသားအရည်နှင့် လက်ဖျံကိုတောင် ပြထားလိုက်သေး။

သူ့ကိုမြင်တော့ ထိုလူရဲ့ အကြည့်တွေက မနှစ်မြို့ဟန် စူးခနဲ။

Jake ပြုံးရင်း သူ့အား ကျော်ကာ သွားရန်ပြင်နေသည့် Jay ရှေ့ ပိတ်ရပ်လိုက်သည်။

"ဒီနေ့ Jay ကို ကျွန်တော် ခေါ်သွားမှာမို့ အတွင်းရေးမှူး ဖြစ်သူက အလုပ်ဆင်းလို့ ရပြီနော်"

နှုတ်ခမ်းတွေ တွန့်ကွေးကာ ပြောလိုက်တော့ အတွင်းရေးမှူးက သူ့အား ပြူးကြောင်ကြောင် ပြန်ကြည့်သည်။

"ရတယ် အလုပ်ဆင်းလိုက်တော့ မင်းလည်း ဒီကြားထဲ ပင်ပန်းခဲ့ပြီ အိမ်ပြန်ဖို့ ကားပါယူသွားလိုက်"

သူ့သူဌေးပြောခါမှ အတွင်းရေးမှူးဟာ ခေါင်းညိတ်ပြပြီး လက်ခံကြောင်းပြောတော့၏။

"ဘာလာလုပ်တာလဲ?"

Jay ၏ ဘောက်ဆတ်ဆတ် အသံကြောင့် Jake ပြုံးမိသည်။

"ခင်ဗျားကို လာချော့တာလေ နောက်ဆုံးတစ်ခေါက် တွေ့တုန်းက ခင်ဗျား စိတ်ဆိုးသွားလို့"

နှုတ်ခမ်းအား အသာမဲ့ကာ စိတ်မကောင်းဟန် ဆိုသည့်တိုင် Jay မျက်လုံးထဲက မလိုမုန်းထား အကြည့်တွေက တစ်စက်လေးမှ လျော့မသွားပါ။

"မင်းက ကျောက်ခေတ်ကကောင်လား? ဖုန်းတွေ ရှိတယ်မလား?!"

ဒီကြားထဲ ဖုန်းတစ်ချက်တောင် မဆက်ခဲ့ခြင်းက Jay ကို ဒီလို ဒေါသထွက်စေတာလား?

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now