𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 // 𝗖𝗵╺ 𝗩𝗜 ❮𝗨𝗻𝗶❯

1.7K 157 131
                                    

"သခင်လေး?"

သူ့အား မျက်လုံးအပြူးသားနဲ့ ကြည့်လာတဲ့ ဟိုတယ်ရဲ့ စားဖိုမှူးခေါင်းဆောင် Jong ကြောင့် Jake ပြုံးလိုက်သည်။

"မတွေ့တာကြာပြီနော် စားဖိုမှူး Jong"

သူလက်ကမ်းလိုက်တော့ စားဖိုမှူးဟာ အသားကိုင်နေတဲ့ လက်အိတ်အား လျင်မြန်စွာ ချွတ်ရင်း သူ့လက်ကို ပျော်ရွှင်စွာ ပြန်ဆုပ်ကိုင်လာသည်။

"သခင်လေးရယ် ကျွန်တော့်မှာ သတိရနေတာဗျာ"

တကယ်လည်း သတိရနေခဲ့ပုံပေါက်တဲ့ စားဖိုမှူးကြီးဟာ လွန်ခဲ့တဲ့ ငါးနှစ်မတိုင်မီက သူ့ရဲ့ဟင်းချက်ဖော် ဟင်းချက်ဖက်။

"ကျွန်တော်လည်း သတိရနေခဲ့ပေမဲ့ ဒီက ပိုင်ရှင်က ရက်စက်တယ်လေဗျာ"

စိတ်မကောင်းရိပ် သန်းသွားတဲ့ မျက်လုံးတွေနဲ့ အားပေးဟန် ပြုံးပြလာတဲ့ စားဖိုမှူးကြီး။

"ဒါပေမဲ့လည်း ကျွန်တော်က အမှတ်မရှိတော့ အခုထိ အိပ်နေသေးတဲ့လူအတွက် မနက်စာ လာပြင်နေပြန်ပြီ"

ခပ်ဟဟရယ်ရင်း ပြောလာတဲ့ သခင်လေးကြောင့် သူပါလိုက်ရယ်မိသည်။

Jake, Jay အပေါ် ဘယ်လိုချစ်ခဲ့လဲ ဆိုတာ စားဖိုမှူးကြီးလောက် သိနိုင်တဲ့လူ မရှိ။

အဖိုးဖြစ်သူရဲ့ အရှိန်ကို သုံးပြီး ဟိုတယ်ရဲ့ စားဖိုဆောင်ထဲ Jay အတွက် မနက် ၊ နေ့လည် ၊ ည စားစရာတွေအတွက် သင်ယူရင်း ချက်ပြုတ်ခဲ့တာ မနေ့တစ်နေ့က အတိုင်း။

မျိုးရိုးကြီးက လာတဲ့ နုနုနယ်နယ် သခင်လေးရဲ့ ကလေးအသားအရည်လို လက်ကလေးတွေဟာ ထိုအချိန်က ဆီပူရာ ၊ ဓားရှရာ ၊ အပူလောင်ရာတွေ အပြည့်ဖြစ်နေခဲ့တာတောင် တစ်ချက်လေးမှ အပြုံးမပျက်ခဲ့ပုံ ကြည့်ရင်း သူတို့ ဥက္ကဌအပေါ် ထားတဲ့ သခင်လေးရဲ့ မေတ္တာ အတိမ်အနက်ကို စားဖိုမှူးကြီး ကောင်းကောင်း နားလည်ခဲ့သည်။

သခင်လေးကို ဥက္ကဌက ငြင်းဆိုနေတာ သိခဲ့ပေမဲ့ ဗြုန်းစားကြီး လက်ထက်တော့မယ် ဆိုတဲ့ သီတင်းထွက်လာတော့ သူတို့ စားဖိုဆောင်တစ်ခုလုံး လန့်ကာ သခင်လေးအတွက် စိတ်ပူခဲ့ကြသေးတယ်။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now