𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗜𝗜 ❮𝗨𝗻𝗶❯

1.5K 150 62
                                    

အနက်ရောင် အခံတွင် ရွှေရောင် ၊ အပြာရောင် ၊ အနီရောင်များအား ရောကာ အပွင့် အခက်အမျိုးမျိုး ပုံဖော်ထားသည့် Versace shirt အင်္ကျီအား ကြယ်သီးအကုန်ဖြုတ်ကာ ၀မ်းဗိုက်ကြွက်သား ကျစ်ကျစ်များအား ရက်ရက်ရောရော ပြထားသည့် အမျိုးသားငယ်ဟာ အောက်ကလည်း အနက်ရောင် ဘောင်းဘီတို တစ်ထည်ကိုသာ ၀တ်ဆင်၍ အရက်တစ်ခွက်အား ကိုင်ပြီး ရေထဲခြေချလျက် ရေကူးကန်ဘောင်ပေါ် ထိုင်နေသည်။

ခပ်ဖွဖွကောက်ကာ အလယ်ခွဲထားသည့် ဆံနွယ်တွေဟာ လေထဲ တလွင့်လွင့်နှင့် အမျိုးသားငယ်လေး၏ မျက်နှာပေါ် ခပ်ဝဲဝဲ ကျလျက်။

ရေကူးကန်အတွင်းရှိ မိန်းမပျိုလေးများ၏ အာရုံက ထိုအမျိုးသားငယ်လေး တစ်ယောက်ဆီ၌သာ ရှိပြီး တချို့ဆို အနားပတ်လည်ဝိုင်းကာ စကားပြောနေကြ၏။

Jay လက်ထဲက ဝိုင်ခွက်အား အရသာ ခံရုံမျှ မော့လိုက်ပြီး ၀ရန်တာအား လက်ထောက်ကာ အောက်ထပ်ရှိ သူ့အား အာရုံမပေးသည့် ကောင်လေးအား ကြည့်နေမိသည်။

တွန့်ကွေးနေတဲ့ သူ့မျက်ခုံးတွေဟာ သေချာပေါက် ထိုကောင်လေးကြောင့်သာ။

လွန်ခဲ့တဲ့ ငါးနှစ်ကနဲ့ ယှဉ်လိုက်မယ်ဆို Jake မှာ သိသိသာသာ ပြောင်းလဲသွားတဲ့ အချက်က လျစ်လျူရှုတတ်လာခြင်း။

သို့သော် အပြောအဆို ၊ အပြုအမူတွေက မည်မျှပေ ဂရုမစိုက်ဟန်ပြနေတတ်ပါ‌စေ ‌သူ့ကိုဆိုလျှင် ထိုကောင်လေး ဘယ်လောက်တောင် ဂရုစိုက်တတ်သည်လဲ Jay သိပ်သိတာပေါ့။

Jake သူ့ကို လိုက်ခဲ့တာ လွန်ခဲ့တဲ့ ဆယ်နှစ်...။ Jake ၁၄ နှစ်သားကတည်းက။

သူ့အား ကြိုက်နှစ်သက်ပါသည် ဟု ခပ်တည်တည် မျက်နှာဘေးနှင့် ၀တ်ထားတဲ့ style pants ထဲ လက်ထည့်ကာ ပြောလာခဲ့တဲ့ ကောင်လေးဟာ ထိုအချိန်က သူ့ပုခုံးမျှသာ ရှိခဲ့သည်။

သို့သော်လည်း NB Group ရဲ့ သခင်လေးပီပီ မသေးလှတဲ့ မာနနဲ့ မလျော့သော ဇွဲဟာ သူ့လိုလူ‌ကိုတောင် ကြီးကြီးမားမား ရိုက်ခတ်စေခဲ့တယ်။

ရှိသမျှအား အကုန်စုတင်းရင်း တစ်ယောက်သောသူ အတွက် ကောင်လေးအား မောင်းထုတ်ခဲ့တဲ့ နေ့မှာတောင် စူးစူးရဲရဲ ကြည့်နေခဲ့တဲ့ မျက်၀န်းတွေက မျက်ရည်များဖြင့် တလက်လက်တောက်နေသည့်တိုင် သူ့အား ရင်ထဲ တသိမ့်သိမ့် တုန်စေခဲ့တယ်။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now