𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫𝗩𝗜 ❮𝗨𝗻𝗶❯

1.5K 153 185
                                    

"Jake ရေချိုးလို့ ဖြစ်ပါ့မလား ကိုယ်ရေဖတ်ပဲ တိုက်ပေးမယ်လေ"

ကောင်လေးရဲ့ မျက်၀န်းတောက်တောက်တွေဟာ နွမ်းလျနေပြီး မျက်နှာလေးဟာ ဖြူဖပ်ဖြူရော်ဖြစ်နေ၏။

နှုတ်ခမ်းရဲရဲလေးဟာလည်း ဖျော့တော့နေပြီး အသာကျုံ့ထားတဲ့ မျက်ခုံးတွေနဲ့ ကောင်လေးဟာ စကားတောင် မပြန်နိုင်တော့။

Jay စိတ်လေးစွာ သက်ပြင်းချမိသည်။

နဂိုကတည်းက နေမကောင်းတာ အခံရှိတဲ့ ကောင်လေးဟာ ၁၃ နာရီ နီးနီး ကြာသည့် ခရီးတွင် အတော်လေး ပြိုင်းကျခဲ့ရသည်။

"ဟုတ်ပြီ ချိုးချင်သပါ့ ဆိုလည်း ချိုးတော့ ဒါပေမဲ့ မြန်မြန်တော့လုပ် ကိုယ်တစ်ခုခု လုပ်ထားလိုက်မယ်"

Jake က အပေါ်၀တ်အား ကုတင်ပေါ်တင်ကာ ခေါင်းတစ်ချက်သာ ညိတ်ပြပြီး ရေချိုးခန်းထဲ ‌၀င်သွားခဲ့တယ်။

အခုရောက်နေတဲ့ နေရာကတော့ London မြို့မှာ ရှိတဲ့ Jake ရဲ့ condo ။

luxury condo ဖြစ်တာကြောင့် အတော်လေး ကျယ်၀န်းလှပြီး အမြင့်ဟာလည်း ၁၂ ပေ လောက်ပေ ရှိလောက်မည်။

ကောင်လေးက အိမ်ရှေ့မျက်နှာစာအား မှန်ဖြင့် ကာယံထားသော condo တွေကို အတော်လေး သဘောကျပုံပဲ။

Korea မှာ တုန်းကလိုပဲ ယခု condo မှာလည်း မြို့ပြ၏ အလင်းရောင်များအား အလှပဆုံး ရှုစားနိုင်ရန် ကြီးမားကျယ်ပြန့်သော အရှေ့ မှန်မျက်နှာစာကြီးတစ်ခု ရှိသည်။

ထို အရှေ့က မှန်ကြီးနှင့် မျက်နှာချင်းဆိုင်တွင် ရှိသည့် အနက်ရောင် ဆိုဖာရှည်ကြီးနှင့် သူ့အနားက ကန့်လန့်ဖြတ်ကာ ထားထားတဲ့ ပုံစံတူ ၊ အရောင်တူ ဆိုဖာရှည်ကြီးတွေ။

ကြားတွင်တော့ အနက်ရောင် မှန်စားပွဲ အကြည်လေး ရှိပြီး ထိုစားပွဲလေးအား ငုံ့ကြည့်လျှင်တော့ ခပ်ထုံထုံ ဆေးအနက်ကို သုတ်ထားတဲ့ မျက်နှာကြပ်ကြီးပေါ်က တွဲလောင်းချနေသော သလင်းကျောက် ကလေးများ တွဲလဲခိုနေသည့် မီးဆိုင်းကြီး တစ်ခုအား တွေ့နိုင်သည်။

အိမ်ရှေ့ခန်းဟာ လှပတာကြောင့် Jay ဟာလည်း အိမ်လာကြည့်တဲ့ လူတစ်ယောက်လို လက်နောက်ပစ်လျက် ခေါင်းတညိတ်ညိတ်ဖြင့် ဆိုဖာတွေ အနားမှ ဖယ်ကာ ခပ်ပြေပြေ လှေကားထစ်ကျယ်ကျယ်လေး နှစ်ထပ်မှ ဧည့်ခန်း၏ မူလအမြင့်ဆီသို့ ပြန်တက်လိုက်သည်။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now