𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫𝗫𝗩𝗜𝗜 ❮𝗨𝗻𝗶❯

1.1K 110 39
                                    

"Love…?"

သိမ်မွေ့ နက်ရှိုင်းတဲ့ အသံ၏ အနားသတ်များ၌ အချစ်တို့က ရစ်ပတ်ယှက်နွယ်လျက်။

အဖြူရောင် တဘက်အား ကိုယ်၌ ပတ်ထားသော အမျိုးသမီးက ခေါ်သံအဆုံး အပြုံးနုနုနှင့် မှန်တင်ခုံရှေ့က အမျိုးသား၏ ပေါင်ထက် နေရာယူသည်။

သူမရဲ့ ပန်းနုရောင်ခြယ် လက်သည်းများက သဘာ၀ဆန်စွာ ခပ်ရှည်ရှည်နှင့် ပျားရည်ရောင် မျက်နှာအသားအရည်ထက် သန့်စင်စွာ နေရာယူလျက်…။

"ပြောလေ Darling?"

သူမ၏ မျက်လုံးများက သာမန်ထက် အသက်၀င်ကာ တောက်ပနေသည်ကို သူမနှင့် ရင်းနီးသူ မည်သူမဆိုက ပြောပြနိုင်လောက်မည်။

ဖြောင့်ဆင်းသော ဆံနွယ်ရှည်များက နက်မှောင်မှောင်နှင့် ရေထိထားသည်ကြောင့် ပုခုံးတစ်ဖက်၌ ကပ်ကာ ကျနေ၏။

"အရင်ကထက် စာရင် မျက်နှာက အရောင်ပိုသက်သာလာသလားလို့လေ"

စိမ်းဖန့်ဖန့် မျက်လုံးများက မှန်ထဲ၌ ပေါ်နေသော သူ့မျက်နှာအား စေ့စေ့ကြည့်ရင်း သုံးသပ်ချက် တစ်ခုပေးသည်။

နူးညံ့‌သိမ်မွေ့သော ရယ်သံများက ခဏချင်း၌ ထွက်ပေါ်လာခဲ့ပြီး အမျိုးသမီး၏ ခေါင်းက သူ၏ ပုခုံးထက်၌ ကျရောက်သည်။

လခြမ်းကွေးအလား ပိတ်နေသော မျက်‌၀န်းများ၏ အပေါ်၌ ခြံရံထားသော ခပ်ကော့ကော့ မျက်တောင်များက နက်စိုကာ ခပ်စိပ်စိပ်။

ရယ်မောခြင်းအား ရပ်တန့်လိုက်တော့ သူမရဲ့ အနက်ရောင် ပုလဲတွေက မျက်တောင်များကြားမှ တိုးကာ ထွက်လာသည်။

‌မထူမပါး နှုတ်ခမ်းများက ခပ်ရဲရဲ။ ကွေးညွှတ်နေသော နှုတ်ခမ်း ထောင့်ကလေးက မျက်နှာအကြောများအား လျော့ချထားလျှင်တောင် သူ့အလုပ်သူ လုပ်သည်။

"ဟုတ်ပါတယ် ဒါပေမဲ့ Darling မျက်နှာက ပတ်တီးတွေနဲ့ ကတည်းက ချောမောခဲ့တာလေ…"

"အခုက အရောင် တဖြည်းဖြည်း လျော့လာလို့ ထူးခြားတယ်လို့ စိတ်ထင်ရတာ အမှန်တကယ်က Darling က အစကတည်းက ထူးခြားပြီးသား"

စကားအဆုံး ပန်းနုရောင်ခြယ် လက်သည်းများက ပျားရည်ရောင် အသားအရေ ရှိသူ၏ ပါးတစ်ဖက်အား လက်ချောင်းများကြား သာသာလေး ညှစ်သည်။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now