𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫𝗫𝗫 ❮𝗨𝗻𝗶❯

1K 103 34
                                    

Jake ထွက်သွားပြီးနောက် Jay ဟာ ရေချိုးကန်အား ပြန်ရှင်းလင်းဖို့ရာ ကျန်ခဲ့ပြီး ပြီးဆုံးချိန်၌တော့ သူဟာလည်း ခေါင်းလျှော်ကာ ခေါင်းပေါ် တစ်ပတ်တစ်ထည်တင်ပြီး ပြန်ထွက်ခဲ့၏။

နွေးထွေးတဲ့ ဆွယ်တာရယ် ၊ နွေးထွေးတဲ့ ဘောင်းဘီရှည်ရယ်။

သူဟာတော့ အအေးမိခြင်းမှ ရှောင်ရှားရန် ထူထူထဲထဲ အ၀တ်များအား ရွေးချယ်ခဲ့သော်လည်း Jake ကတော့ ထိုသို့ မဟုတ်။

Kitchen counter အား လက်ဖြင့် ထောက်လျက် ဖုန်းတစ်ဖက်က တစ်စုံတစ်ယောက်ရဲ့ အပြောကို နားထောင်နေသူကား အဖြူရောင် လက်ရှည်အပါးလေးတစ်ထည်နှင့် ဒူးအပေါ် အနက်ရောင် ဘောင်းဘီတိုတစ်ထည်ကိုသာ ၀တ်ဆင်လျက်။

ခုနကတော့ အိပ်ချင်လို့ ခွေနေခဲ့တဲ့ ကလေးက အခုကျ မီးဖိုခန်းအလယ် မတ်တတ်ရပ်နေသည်တဲ့လေ။

ဆိုပေမဲ့ နေဦး…။

ဘယ်သူနဲ့ ဖုန်းပြောနေလို့ သူက အဲ့လောက် ပြုံးရယ်နေတာလဲ?

Jay က ထိုနေရာသို့ သာသာလေး လျှောက်သွားလိုက်၏။

"အင်း ဟုတ်တယ် ကိုယ် London ပြန်ရောက်နေတာလေ"

ကိုယ်…?

မျက်ခုံးတို့က သာသာကလေး ကျုံ့လာသည်။

Jake Sim 'ကိုယ်' လို့ သုံးတာ သူသိသလောက် တစ်ယောက်တည်း ရှိတယ်။

"ရတာပေါ့ လာလည်ချင် လာခဲ့ ကိုယ်လိုက်ပြပေးမယ်"

လည်ပင်း၀ တစ်ဆို့လာသော ချဉ်တင်တင် ဤခံစားချက်…။

မျက်နှာဟာ ထိန်း၍ မရနိုင်သည်အထိ မှောင်မိုက်လာပြီး မျက်လွှာအား သာသာ ချလျက် counter ၏ အစွန်းကလေး၌ တင်ထားသော အဖြူရောင် နွားနို့ခွက်ကလေး၏ အပေါ် သိမ်မွေ့စွာ ယိမ်းနွဲ့နေသည့် အငွေ့ရေးရေးအား တိတ်တဆိတ် ကြည့်နေမိသည့် မျက်လုံးများဟာလည်း မကျေနပ်ရိပ် ၀ေလျက်။

"Hey…"

ခေါ်သံက ခပ်တိုးတိုး။

Jay ရဲ့ ခေါင်းက ဆတ်ခနဲ မော့ကြည့်မိတော့ ဖုန်း၏ speaker အား လက်ဖြင့် ကာထားသော Jake အား တွေ့လိုက်ရသည်။

"မအိပ်ခင် သောက်ရအောင် နွားနို့ပူပူလေး လုပ်ပေးထားတယ် သောက်လိုက်"

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now