ရှောင်းသခင်လေး(Part 1)

58.9K 2.1K 84
                                    

Unicode Version

" ဒီကလေးကိုမမွေးနိုင်ဘူး ဝမ်ရိပေါ် ငါဖြတ်ချမှာ"

တိတ်ဆိတ်နေတဲ့အခန်းအတွင်း အော်သံလိုအသံ စူးစူးတစ်ခုက ထွက်ပေါ်လာသည်။

"ဘာ!! ခင်များဘာ​​​စောက်စကားပြောတာလဲဟမ်"

"ကြားတဲ့အတိုင်းဘဲ မင်းလိုအယုတ်မာကောင်ရဲ့ သွေးသားကိုငါမမွေးနိုင်ဘူး"

"အေး အဲ့ဒီလူယုတ်မာကောင်က ခင်များရဲ့လင်လေ
ခင်များလင်ရဲ့သွေးသားမို့ ခင်များမမွေးချင်လဲ မွေးရမယ်"

"မမွေးဘူး ငါလုံးဝမမွေးနိုင်ဘူး"

"ရှောင်းကျန့်!!! ခင်များကျွန်တော့ဒေါသကိုလာမဆွနဲ့နော်"

ရှောင်းကျန့်နဲနဲတော့ငြိမ်သွားသည် သူ့ရှေ့ကဒေါသအချောင်း
လိုက်ထွက်ကာ စူးရဲနေတဲ့မျက်လုံးတွေနဲ့အံကြိတ်ကာ
ပြောနေသည့် ရိပေါ်ကိုသူကြောက်ပါသည်။
သို့ပေမဲ့လည်း ရိပေါ်ရဲ့ဒေါသကိုအရှုံးမပေးချင်တာမို့
လက်သီးခပ်တင်းတင်းဆုပ်လိုက်ပြီး...

"လာမပြောနဲ့ ငါကတော့မမွေးနိုင်ဘူး ဖြတ်ချမှာဘဲ"

"ခင်များ။ တောက်စ်! "

ရိပေါ်ရဲ့တောက်ခေါက်သံအကျယ်ကြီးကြောင့်
ရှောင်းကျန့်ကိုယ်လေးတုန်တက်သွားသည်။
ထို့နောက် ရိပေါ်ကသူကိုစူးရဲနေတဲ့မျက်လုံးတွေနဲ့
စိုက်ကြည့်ရင်း...

"အေး ဖြတ်ချရဲရင်ဖြတ်ချကြည့်လေ
တစ်ယောက်ဖြတ်ချရင် နောက်ဆယ်ယောက်မွေးဖို့
​ပြင်ထားလိုက်"

အံကြိတ်သံနဲ့ပြောစကားအဆုံးရိပေါ်က
တံခါးကို ဒုန်းကနဲစောင့်ပိတ်ကာအခန်းထဲက
ထွက်သွားတော့သည်။ရိပေါ်ထွက်သွားတာနဲ့
ရှောင်းကျန့် ကြမ်းပြင်ပေါ်ခွေကျသွားပြီး မျက်ရည်တွေ
စီးကျလာသည်။

ရှောင်းကျန့်တကယ်တော့ ကလေးဖြတ်ချဖို့ အစီအစဉ်မရှိပါ
ဒါပေမဲ့ ဖြတ်ချမယ်လို့သူပြောလိုက်သည်။အလို​ပြောလိုက်
ရင် ရိပေါ်ကသူ့ကလေးကို မဖြတ်ချဖို့နူးညံ့စွာ ဖြောင်းဖြ
လိမ့်မည်ဟုထင်သည်။ကလေးအတွက်သူ့ဒေါသတွေကို
ချိုးနှိမ်ကာ သူ့ကိုပိုဂရုစိုက်လာလိမ့်ဟုထင်
တာကြောင့် သူပြောလိုက်ခြင်းဖြစ်သည်။
သို့ပေမဲ့ တက်တက်စင်အောင်လွဲလေသည်။

ရှောင်းသခင်လေးWhere stories live. Discover now