ရှောင်းသခင်လေး(Part 8)

12.1K 1.1K 16
                                    


Unicode Version

"အမြန်လာကြဟေ့ ရှေ့ဆုံးခုံမှာငါထိုင်မှာနော်"

"ငါကားမူးတက်လို့ပြတင်းပေါက်ဘက်မှာထိုင်မယ်ဟေ့"

"အထုတ်တွေကျန်ခဲ့မယ်နော် သေချာယူဉီး"

ရှောင်းကျန့်ကားဆီကိုရောက်တော့ ဆူဆူညံညံနေရာဉီး
သံတွေကိုကြားနေရသည်။ရှောင်ကျန့်တို့ အထက်တန်း
နောက်ဆုံးနှစ်က အခန်း ( 1)ကနေ အခန်း(4)ထိ
ရှိတာမို့ ကားနှစ်စီးမှသာဆန့်သည်။
ရှောင်းကျန့်တို့အခန်း(1)သမားတွေက အခန်း(2)နဲ့
တစ်ကားထဲအတူတူစီးရပြီး အခန်း(3)နဲ့ အခန်း(4)
ကတစ်ကား စီးကြရသည်။ခရီးသွားကားအရှည်ကြီး
မို့သာတော်သေးတယ် နောက်မို့ဆို လူတွေကြပ်သပ်
ထိုင်ရရင် မဖြစ်ပေ။

"ဒီခုံကိုငါအရင်ဉီးတာနော် နင်တစ်ခြားနေရာသွား"

"မှန်ကြောင်ကောင် နင် lady firstဆိုတာ နားမလည်
ဘူးလားဟမ် နင်တစ်ခြားနေရာသွား"

"ဘာ lady မှ မfirstဘူး ငါအရင်ရောက်တာ ငါထိုင်မှာ"

ဒါကတော့ ကျောင်းရဲ့လော်စပီကာ စွာကျယ်မနဲ့ မှန်ကြောင်တို့ နေရာလုရင်းရန်သတ်နေကြခြင်းဖြစ်သည်။
စွာကျယ်မ၏နာမည်အရင်းမှာ ချင်းလီဖြစ်ပြီး မှန်ကြောင်၏
နာမည်အရင်းမှာ မင်ဟောက်ဖြစ်သည်။
တစ်ကျောင်းလုံးကတော့ စွာကျယ်နဲ့မှန်ကြောင်ဟုသာ
ခေါ်ကြသည်။

နေရာလုနေရင်း ဘယ်သူမှအလျှော့မပေးကြတာနဲ့ နှစ်ခုံတွဲ
ဖြစ်လို့ သူတို့နှစ်ယောက်အတူတူထိုင်လိုက်ရသည်။
ထိုင်သာထိုင်ရတာကျေနပ်ပုံမရ တစ်ယောက်နဲ့တစ်ယောက်
မျက်စောင်းတထိုးထိုးနဲ့ပင်။

"ပေါင်ပေါင်း ဒီကိုလာခဲ့"

ရှောင်းကျန့်ကားပေါ်ရောက်တော့ ဘယ်နေရာထိုင်ရမလဲ
ကြည့်နေတုန်း လူဆိုးကောင်ကလှမ်းခေါ်လာသည်။
သူလူတွေနဲ့ရောရောထွေးထွေးမနေတက်တာကို
လူဆိုးကောင်ကသိသည်ထင်သည် နောက်ဆုံးခုံမှာနေရ ဉီးပေးထားသည်။

"မင်းဘယ်ချိန်ကတည်းကရောက်နေတာလဲ"

လူဆိုးကောင်ဉီးပေးထားတဲ့နေရာမှာဝင်ထိုင်လိုက်ပြီး
စကားစလိုက်သည်။

ရှောင်းသခင်လေးWhere stories live. Discover now