ရှောင်းသခင်လေး (Part 20)

13K 844 28
                                    

Unicode Version

"ဒွီ....ဒွီ....ဒွီ...."

စားပွဲပေါ်ကတဒွီဒွီမြည်နေတဲ့ဖုန်းကိုကြည့်ပြီးရှောင်းကျန့်
နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။Contant name
က Darlingဆိုတဲ့နာမည်ကိုမြင်တော့ ရှောင်းကျန့်မျက်မှောင်ကျုံ့လိုက်ပြီး.....

"ဘယ်တုန်းကငါ့ဖုန်းကိုယူပြီးဒီလိုပေါက်ကရနာမည်
လာမှတ်ပေးထားပါလိမ့် "

စားပွဲပေါ်ကမီးတဝင်းဝင်းဖြစ်နေတဲ့ဖုန်းကိုဆွဲယူလိုက်
ပြီး Contant nameက Darlingဆိုတာကို
ချက်ခြင်းဘဲယူပြောင်းလိုက်သည်။

'အယုတ်တမာယောကျ်ား ' ဒင်းနဲ့ဒီနာမည်ကအလိုက်ဆုံးဘဲ။
Contantက အယုတ်တမာယောကျ်ားဆိုတဲ့နာမည်ကို
ကြည့်ပြီးရှောင်းကျန့်သဘောကျစွာပြုံးလိုက်သည်။

Ph screenမှာ notiတက်နေတဲ့ misscalled
50ကျော်ဆိုတာကိုတော့ဂရုမစိုက်ဘဲ ဖုန်းကိုစားပွဲပေါ်
ပြန်တင်လိုက်ပြီး Tvထိုင်ကြည့်နေလိုက်သည်။

ခုလောက်ဆိုဟိုတစ်ယောက်တော်တော်မှဒေါသထွက်နေရော
ပေါ့ ဒင်းရဲ့ဒေါသအလိပ်လိပ်ထွက်နေတဲ့မျက်နှာကို
မြင်ယောင်ကြည့်ရုံနဲ့တင်နေလို့ထိုင်လို့ကောင်းလိုက်တာနော်။

ရှောင်းကျန့်အခုရောက်နေတာကရှောင်အိမ်တော်မှာ
ဖြစ်ပြီး စိတ်ပြေလက်ပျောက်Tvထိုင်ကြည့်နေခြင်းဖြစ်
သည်။နေ့လည်ကတည်းကဒင်းခြေရှုပ်ထားတာတွေကို
လက်ပူးလက်ကြပ်မိထားတာကြောင့် ဖောက်ပြန်တက်တဲ့
ယောကျ်ားရှိတဲ့အိမ်ကိုသူမပြန်ချင်။ဒါကြောင့်
ရှောင်အိမ်တော်ကိုပြန်လာခြင်းဖြစ်သည်။

မားကတော့ဆူပုတ်ပုတ်နဲ့ပြန်လာတဲ့သူ့ကိုကြည့်ပြီး
ယောကျ်ားနဲ့ရန်ဖြစ်လာတာလားမေးပေမဲ့
သူပြန်မပြောမိ။ဒင်းဖောက်ပြန်တဲ့အကြောင်းကို
ပြောပြပြီးမားကိုစိတ်မဆင်းရဲစေချင်ပါ။
ပါးကတော့ဟိုကောင်နဲ့အဆင်မပြေရင်ချက်ချင်း
ကွာရှင်းဖို့နဲ့သူရှေ့နေငှားပေးမည်ဖြစ်ကြောင်းပြောကာ
ကွာရှင်းစာချုပ်တောင်သွားဝယ်လို့နေသည်။

တကယ်တော့ရှောင်းကျန့်ဘာဆက်လုပ်ရမှန်းမသိပါ။
သူ့ကိုတမင်လက်စားချေချင်လို့လက်ထပ်ထားတဲ့အပြင်
ခုလိုနောက်ကွယ်မှာဖောက်ပြန်နေမှန်းသိလိုက်ရတော့
သူ့ဘယ်ဘက်ရင်အုံကတစက်စက်ခါအောင်နာသည်။

ရှောင်းသခင်လေးWhere stories live. Discover now