ရှောင်းသခင်လေး (Part 31)

13.3K 817 16
                                    

Unicode Version

မင်္ဂလာရှိသောနံနက်ခင်းတစ်ခုတွင် အမုန်းတွေပျောက်ပြီး
အချစ်တွေရောက်လာတဲ့ ဝမ်အိမ်တော်သည်
အရင်နေ့တွေထက်ပိုပြီးသာယာလို့နေတော့၏။
ဆောင်းဉီးနံနက်ခင်းမို့ အနည်းငယ်အချမ်းပိုပြီး အတော်အိပ်
လို့ကောင်းသည့်ရာသီဉတုဖြစ်သည်။
မနက်ခင်းနိုးထကြတဲ့ဌက်ကလေးတွေရဲ့ တီတီတာတာ
အသံလေးများနှင့်အတူ ထွက်ပြူလာစနေမင်းကြီး၏
အလှသည်အလွန်မှ ပရံနရံသင့်၏။ထို့အတူ
အချစ်တွေနဲ့ပြည့်နေတဲ့ အိမ်လေးရဲ့နံနက်ခင်း အစဟာလည်း
ကြည်နူးဖွယ်အသံလေးများနှင့် စတင်လာကြသည်။

"ရိပေါ် ထတော့လေ ကုမ္ပဏီသွားဖို့နောက်ကျနေပြီ "

ညကအိပ်ရာဝင်တာနောက်ကျသွားသည်မို့
ခုမနက်မှာတော့နှစ်ယောက်လုံးအိပ်ရာထနောက်ကျနေကြ
သည်။မနက်ခင်းစောစောအချမ်းဓာတ်ကြောင့်
နွေးထွေးရာ ရိပေါ်ရင်ခွင်ထဲသို့တိုးဝင်ရင်း အိပ်လိုက်တာ
နံနက် ၉နာရီထိုးမှနိုးလေသည်။သူ့ကိုဖက်ပြီးအိပ်နေတဲ့
ရိပေါ်ကတော့ခုထိမနိုးသေးသည်မို့ ရှောင်းကျန့်အိပ်ရာထဖို့
နှိုးလိုက်ရတော့သည်။
သိုပေမဲ့ နှိုးတဲသူကနိုးပုံမပေါ်ဘဲ တအင်းအင်းတအဲအဲ
လုပ်ကာ သူကိုဖက်ရင်း ပြန်အိပ်ဖို့ကြိုးစားနေလေသည်။

"ရိပေါ် ထတော့ကွာ ၉နာရီထိုးနေပြီ "

"အင်း...ပြန်အိပ်ဉီးလေကွာ စောပါသေးတယ် "

အိပ်ချင်မူးတူးသံနဲ့ပြောလာတဲ့ရိပေါ်က ၉နာရီကို
စောတယ်ထင်နေလေရဲ့။မျက်လုံးမဖွင့်သေးဘဲ
လူကိုတိုးဖက်လာတဲ့ရိပေါ်က တကယ်ပြန်အိပ်ဖို့ပြင်နေပုံ
ပေါ်၏။ဒီလိုသာမထသေးဘဲ ဆက်အိပ်နေရင်
ဒီနေ့မနက်ကုမ္ပဏီကိုသွားနိုင်ပါဉီးမလား။

"ဘာစောသေးတယ်လဲ ၉နာရီထိုးနေပြီထတော့
ပြီးတော့ မင်းလည်းကုမ္ပဏီသွားရဉီးမယ်မလား "

အတင်းဖက်အိပ်နေတဲ့ ရိပေါ်ရင်ခွင်ထဲကရုန်းရင်း
ပြောလိုက်သည်။

"ကုမ္ပဏီကရပါတယ်ကွာ နိုးမှသွားလိုက်မယ်
ခုအိပ်ရေးမဝသေးဘူးပေါင်ပေါင်ရာ ပြန်အိပ်ကြမယ်နော် "

ရုန်းနေတဲ့ရှောင်းကျန့်ကိုယ်လေးကိုအတင်းဖက်ရုံမက
ဆွဲခွပြီး ရင်ခွင်ထဲထည့်ထားခံလိုက်ရသည်။
ခုဆိုရှောင်းကျန့်တစ်ကိုယ်လုံး ရိပေါ်ရင်ခွင်ထဲ
ဆုံးဆုံးမြုတ်နေပြီ ဖြစ်သည်။

ရှောင်းသခင်လေးWhere stories live. Discover now