ရှောင်းသခင်လေး (Part 37)

10.5K 618 15
                                    

Unicode Version

"ကြီးချို ဒီနေ့ဟင်းတွေကိုစားကောင်းတာအစုံချက်ပေးနော်
ဧည့်သည်လာမှာမလို့ "

"ကောင်းပါပြီ သခင်လေး ကြီးချိုချက်ပေးပါ့မယ်"

ရှောင်းကျန့်ဒီနေ့တော့မနက်စောစောမီးဖိုချောင်ဝင်နေ
ရသည်။သို့ပေမဲ့ ဟင်းကိုယ်တိုင်ဝင်ချက်တာတော့မဟုတ်
ကြီးချိုကို ဒီနေ့စားကောင်းတဲ့ဟင်းအစုံချက်ပေးဖို့နဲ့
မှာစရာရှိတာလာမှာနေတာဖြစ်သည်။အကြောင်းကတော့
ဒီနေ့ရိပေါ်ပါး ဂျပန်ကနေတရုတ်ကိုပြန်ရောက်မှာကြောင့်
ဖြစ်သည်။

ရိပေါ်ကတော့စိတ်မပူပါနဲ့သူ့ပါးကသဘောကျမှာပါ
ပြောပေမဲ့ ရှောင်းကျန့်ကတော့အနည်းငယ်စိတ်လှုပ်ရှား
နေမိသည်။ဒါကြောင့် တစ်ခါမှမမြင်ဖူးတဲ့ သူ့ယောက္ခထီး
ရောက်လာရင် အမြင်ကြည်အောင်
စားကောင်းတာလေးတွေသေချာပြင်ဆင်ပေးမည်ဟု
တွေးထားသည်။

"ပေါင်ပေါင် မီးဖိုထဲမဝင်နဲ့လေကွာညော်မိကုန်မယ်
လာလာအခန်းထဲဝင်နေ "

ရိပေါ်ကလေးသိပ်ပြီးအောက်ထပ်ကိုဆင်းလာတော့
မီးဖိုခန်းထဲဝင်နေသည့် အဖြူရိပ်လေးကိုမြင်လိုက်ရသည်။
ကြီးချိုဘေးနားတတွတ်တွတ်ပြောရင်းဘာတွေမှာနေလည်း
မသိ နှုတ်ခမ်းလေးကပွပွစိပွစိနဲ့အငြိမ်မနေပေ။
ခနကြာတော့ ဘေးကကြီးချိုက ဒယ်အိုးထဲကို
ကြက်သွန်ဖြူနီထည့်ပြီး ဆီသက်နေသည်မို့
ညော်မိမှာဆိုးသည့်ရိပေါ်ကဘဲ လှမ်းအော်ပြောရတော့သည်။

ဗိုက်ခွဲထားတာမှဘယ်လောက်မှမကြာသေးသည်မို့
ညော်မိပြီးဒုက္ခရောက်နေမှ သူရင်ကျိုးရချည်ရဲ့။

ခနကြာတော့ရှောင်းကျန့်ကမီးဖိုခန်းကထွက်လာကာ
သူ့အနားရောက်လာပြီ....

"မောင် သားရောအိပ်သွားပြီလား "

"အင်း မင်းသားအိပ်ပုတ်က နို့ဝတာနဲ့အိပ်ပြီ "

"ဒါနဲ့ မင်းပါးလာရင်နေဖို့အခန်းတွေအကုန် ပြင်ပြီးပြီလား"

"မောင်အကုန်ပြင်ပြီးပါပြီကွာ ဘာမှမပူနဲ့အေးအေးဆေးဆေး
သာနေ "

ရိပေါ်စကားကိုခေါင်းတစ်ချက်ငြိမ့်ပြပြီး....

"မင်းပါးကဘယ်ချိန်ပြန်ရောက်မှာတဲ့လဲ
လေဆိပ်ကိုသွားကြိုရဉီးမှာလား "

ရှောင်းသခင်လေးWhere stories live. Discover now