ရှောင်းသခင်လေး (Part 5)

14.6K 1K 32
                                    

Unicode Version

ရိပေါ်အတန်းထဲကိုဝင်လာတော့ မာနခဲရဲ့သူငယ်ချင်းဆိုတဲ့
ကောင်က သူ့ခုံမှာဝင်ထိုင်နေသည်မို့ မျက်မှောင်
တစ်ချက်ကျုံ့လိုက်သည်။သူ့ထိုင်ခုံမှာဝင်ထိုင်ရုံ
မက သူ့လွယ်အိပ်ကပါ ဘေးတန်းကဟိုကောင်ခုံမှာ
ရောက်နေသည်။ဒါဟာ သေချာပေါက် မာနခဲလက်ချက်ပင်။

"မင်းဘာလို့ ငါ့ခုံမှာထိုင်နေတာလဲ"

သူ့ခုံမှာအခန့်သားဝင်ထိုင်နေတဲ့ မာနခဲသူငယ်ချင်းကို
ဟောက်လိုက်ခြင်းဖြစ်သည်။

"ဟို ရှောင်းကျန့်က "

"ငါထိုင်ခိုင်းတာ ဘာဖြစ်လဲ"

ကျိုးချန်စကားမဆုံးသေးခင်မှာဘဲ ရှောင်းကျန့်ဝင်ပြော
လိုက်သည်။

"နေပါဉီး ဒါငါ့နေရာလေ ဘာကိစ္စဒီကောင်ကို ထိုင်ခိုင်း
ရတာလဲ"

"မင်းနဲ့အတူ မထိုင်ချင်လို့လေ ရှင်းလား"

"ငါနဲ့မထိုင်ချင်ရင် မင်းတခြားနေရာပြောင်းထိုင်ပေါ့"

"ဘာကိစ္စငါက ပြောင်းရမှာလဲ ဒါငါ့နေရာလေ"

"အေး မင်းပြောသလိုပြောရရင် ဒါလဲငါ့နေရာဘဲလေ
ဟိုတစ်ယောက် ခုချက်ခြင်းငါ့နေရာကဖယ်ပေး"

"ဘာမှဖယ်ပေးစရာမလိုဘူးကျိုးချန်"

ရိပေါ် သူ့ခုံမှာထိုင်နေတဲ့ကောင်ကို ဖယ်ပေးခိုင်းလိုက်တော့
မာနခဲကဖြတ်ပြောလာသည်။
ဟိုကျိုးချန်ဆိုတဲ့ကောင်ကလဲ ဖယ်ရမလိုလို မဖယ်ရမလိုလို
ဗျာများနေသည်။

"ဟိုကောင်မင်းမဖယ်ရင် ငါမင်းကိုထိုးမှာနော်"

"ထိုး...ထိုးတော့မထိုးပါနဲ့ကွာ ငါဖယ်ပေးပါ့မယ်
ရှောင်းကျန့်ငါ့နေရာပြန်တော့မယ်နော်"

ရိပေါ်ထိုးမယ်ပြောလိုက်တော့မှ ကျိုးချန်ဆိုတဲ့ကောင်က
ကြောက်ကြောက်လန့်လန့်နဲ့ ဖယ်ပေးလာသည်။

"တောက်စ်!"

မာနခဲကတော့ ဒေါသတကြီးတောက်ခေါက်လို့နေသည်။
ရိပေါ်သူ့လွယ်အိပ်ကိုပြန်ယူလိုက်ပြီး မာနခဲဘေးဝင်ထိုင်
လိုက်သည်။မာနခဲကတော့ ထုံးစံအတိုင်းမျက်စောင်း
တထိုးထိုးနဲ့ပေါ့။

ရှောင်းသခင်လေးWhere stories live. Discover now