ရှောင်းသခင်လေး (Part 42)Final

20K 837 48
                                    

Unicode Version

၂နှစ်ခန့်ကြာသော် ...

"ဝမ်စောအော် ပါးပါးဟင်းချက်နေတာကိုလာအရှုပ်နဲ့
မင်းDaddyဆီသွားနေ "

"အာ...အာ...ဘူး...ဝူး..."

"စောအော် မင်းပြန်ပြောနေတာ ပါးပါးသိတယ်နော် "

နေ့လည်စာအတွက်မီးဖိုခန်းထဲမှာဟင်းချက်နေတုန်း
တောက်ရက်တောက်ရက်နဲ့ရောက်လာတဲ့စောအော်က
သူ့ခြေထောက်တစ်ဖက်ကိုသိုင်းဖက်ထားလေသည်။
သိုင်းဖက်ရုံမက တွဲခိုပြီးစီးနေတာမို့ ရှောင်းကျန့်
လှုပ်လို့တောင်မရ။ခွာချလည်းဖားပျံလေးလိုကပ်နေတာမို့
သူ့Daddyဆီသွားဖို့ပြောလိုက်သည်။
သို့ပေမဲ့ ခေါင်းမာတဲ့လူဆိုးလေးက
ပါးစပ်ကသူနားမလည်တဲ့စကားတွေပြောရင်း
ပြန်ရန်တွေ့နေသည်။

"မောင် ဒီမှာမင်းသားကိုလာခေါ်ဉီး ငါဟင်းချက်
နေတာကို လာရှုပ်နေတယ် "

"အင်း လာပြီ လာပြီ "

ဆိုဖာပေါ်မှာပက်လက်လှန်ပြီး gameဆော့နေတဲ့ရိပေါ်က
ပါးစပ်ကတော့ပြန်ပြောလာသည်။သို့ပေမဲ့လူကတော့
ရောက်မလာသေးဘဲ gameဆက်တိုက်နေတုန်းပင်။

"စောအော် ဟိုမှာမင်းDaddy gameဆော့နေတယ်
သွားရှုပ်ချေ့သွား ပါးပါးဒီမှာဟင်းချက်လိုက်ဉီးမယ်
ပြီးရင် မန်းမန်းစားကြမယ်နော် "

သူ့စကားကိုနားလည်ဟန်ရှိတဲ့စောအော်က
သူ့ခြေထောက်ကိုဖက်တွယ်ထားရာကနေ
ဖြုတ်ကာ သူ့Daddyဆီတောက်ရက်တောက်ရက်နဲ့
ပြေးသွားပြန်သည်။ခန္ဓာကိုယ်က ဖရဲသီးလုံးလို
လုံးတစ်တစ်ကလေးမို့ တလှုပ်လှုပ်နဲ့ပြေးသွားတော့
ဖရဲသီးလေးလိမ့်သွားသလို ချစ်စရာလေးဖြစ်နေသည်။

စောအော်ကတစ်ကခြားကလေးတွေနဲ့မတူ။
လူကောင်ကြီးပေမဲ့ မိခင်နို့မဆို့ရလို့လားမသိ
တစ်ခြားကလေးတွေထက် အရာရာနောက်ကျသည်။
2နှစ်ကျော်အရွယ်ဆို တစ်ခြားကလေးတွေစကား
အတော်ပြောနေပေမဲ့ စောအော်ကတော့
စာကားလုံးတလုံးတောင် ပြည့်အောင်မပြောနိုင်။

စော်အော်လေးစမှောက်တုန်းကဆိုလည်း သူ့ဖင်သူတောင်
မနိုင်တာမို့ ခေါင်းသာမှောက်ပြီး
ဖင်ကတော့ပါမလာခဲ့။ဒါပေမဲ့လည်း
ဇွဲကြီးတဲ့စောအော်က တအီးအီးနဲ့ကြိုးစားရင်း နောက်ဆုံး
ခေါင်းရောဖင်ပါမှောက်နိုင်သွားခဲ့သည်။
သူများကလေးတွေထိုင်ပြီးဖင်ရွေ့သွားချိန်မှာလဲ
ဖရဲသီးလုံးလိုဖြစ်နေတဲ့စောအော်က မထိုင်နိုင်ဘဲ
ဝယားထိုးသာသွားသည်။သို့ပေမဲ့ တခြားကလေးတွေ
ဖင်ရွေ့သွားတာထက်သူ့ဝယားထိုးကပိုမြန်လေသည်။

ရှောင်းသခင်လေးWhere stories live. Discover now