ရှောင်းသခင်လေး (Part 15)

14.1K 878 27
                                    

Unicode Version

"သူများအိမ်? အဲ့ဒီစကားကိုကျွန်တော်ကပြောရမှာမဟုတ်
ဘူးလားရှောင်းသခင်လေးရဲ့ "

သြရှရှအသံနဲ့အတူနောက်ကိုလှည့်လာတဲ့သူကြောင့်
ရှောင်းကျန့်တအံတသြရေရွတ်လိုက်မိသည်။

"မင်း!..ဝမ်ရိပေါ်! "

ရိပေါ်ကဘယ်လိုကနေဘယ်ဖြစ်ပြီးသူ့အိမ်ကိုရောက်
လာတာလဲ မဟုတ်မှလွဲရော ဉက္ကဌဝမ်ဆိုတာ သူများလား။
မဖြစ်နိုင်တာ ရိပေါ်လိုလူဆိုးကောင်ကဘယ်လိုလုပ်
ဉက္ကဌဝမ်ဖြစ်မှာလဲ ။

"ဟုတ်ပါတယ် တစ်ချိန်တုန်းကတော့ ဝမ်ရိပေါ်ပေါ့
ခုခင်များရှေ့မှာရှိနေတဲ့သူကတော့ ဉက္ကဌဝမ်ဘဲ "

ရှေ့ကနေသူ့ကိုခနဲ့သလိုကြည့်ပြီး ပြောနေတဲ့ရိပေါ်ကို
ရှောင်းကျန့်ကြောင်ကြည့်နေမိသည် ။သူတော်တော်
ပြောင်းလဲသွားတာဘဲ အစက သူ့ကိုယ်သူကိုယ်လို့
သုံးတဲ့သူကခုတော့ကျွန်တော်တဲ့၊သူ့ကိုပေါင်ပေါင်
ခေါ်နေကျသူက ခုတော့ခင်များတဲ့လား။
သူမရှိတဲ့6နှစ်အတွင်း သူ့မိသားစုအခြေအနေတင်
ပြောင်းလဲသွားတာမဟုတ်ဘဲ ရိပေါ်ပါပြောင်းလဲသွားခဲ့
တာဘဲ။

"ဉက္ကဌဝမ်က ညကြီးအချိန်မတော်ဘာလာလုပ်တာလဲဗျ "

ဆိုဖာမှာဝင်ထိုင်လိုက်ပြီး
သူ့စကားအတိုင်းပဲ ပြန်ရွဲ့ပြီးပြောလိုက်သည်။
ဉက္ကဌဝမ်ဆိုလဲ ဉက္ကဌဝမ်ပေါ့ သူကဘာကို ကြောက်ရမှာ
လဲ။

"ရှောင်းသခင်လေးခုထိမသိသေးတာတော့မဟုတ်ဘူးမလား
ဒီအိမ်ကိုကျွန်တော်ပိုင်သွားပြီးလေ ကိုယ့်အိမ်ကိုယ်လာတာ
ဘယ်သူ့ကိုခွင့်တောင်းနေရဉီးမှာလဲ "

သူ့မျက်လုံးတွေကိုသေချာကြည့်ပြီးခနဲ့သလိုပြောနေတဲ့
ရိပေါ်ပုံစံက သူ့ကိုတော်တော်စိတ်နာနေသလိုပင်။
ဒီလိုစိတ်နာအောင်လဲ သူဘဲလုပ်ခဲ့တာဆိုပေမဲ့
ရိပေါ်ဒီလောက်ထိပြန်လုပ်လိမ့်မယ်လို့ ရှောင်းကျန့်
လုံးဝမထင်ခဲ့ပါ။
သူ့ကိုစိတ်နာတာနဲ့ပဲ သူ့မိသားစုကိုဒုက္ခပေးပြီး
အရှက်ကွဲအောင်လုပ်တယ်ပေါ့လေ။ရိပေါ်မင်းဟာတကယ်ကို
ကြောက်စရာကောင်းတာဘဲ။

"ကောင်းပြီလေ ဒါမင်းအိမ်ဖြစ်နေပြီဆိုမှတော့ ငါထွက်သွား
ပေးပါ့မယ် "

ရှောင်းသခင်လေးWhere stories live. Discover now