ရှောင်းသခင်လေး (Part 11)⚠

21.6K 889 34
                                    

Unicode Version

(Warning: ဤအပိုင်းတွင် ကြမ်းကြမ်းတမ်းတမ်း
စကားလုံးအသုံးအနှုန်းများပါသည်မို့ သန့်သန့်လေး
shipသူများနှင့် 18နှစ်မပြည့်သေးသူများကျော်
ဖတ်နိုင်ပါသည်⚠)

နေ့လည်စာစားချိန်တွင်

"ရှောင်းကျန့် မနက်ကမင်းတို့နှစ်ယောက်
ဘယ်ကိုရောက်နေတာလဲ"

မနက်ကသူတို့နှစ်ယောက်ပျောက်နေတာကို ​ကျိုးချန်ကသတိ
ထားမိသည်ထင်သည် တန်းကိုမေးလာတော့သည်။
ကျိုးချန်ကြည့်ရတာ သူတို့နှစ်ယောက်ကို သေချာကြည့်
ကာအကဲခက်နေပုံရသည်မို့ ရှောင်းကျန့်တံတွေးတစ်ချက်
မြိုချလိုက်သည်။

မဟုတ်မှလွဲရော သိသွားတာများလား။

"ဟို....ငါ..ငါမနေကောင်းလို့ဆေးပေးခန်းသွားတာ
သူ့ကိုပါခေါ်သွားတာ"

"အော် ....ဟုတ်လား ဒါနဲ့သက်သာရဲ့လား "

"သက်သာပါတယ်"

ကျိုးချန်ပြန်ပြောပုံအရရိပ်မိပုံမပေါ်တာမို့
ခုမှအသက်ရူချောင်သွားတော့သည်။ဘေးကလူဆိုးကောင်က
လဲ သူမဟုတ်သလိုလိုနဲ့ဟိုကြည့်ဒီကြည့်လုပ်နေတယ်။

တော်သေးတာပေါ့ အကုန်ရိပ်မိကုန်တော့မလို။

"ဒါနဲ မင်းနှုတ်ခမ်းတေကဘာဖြစ်တာလဲ။အပူကန်နေတယ်
ထင်တယ်နဲနဲယောင်နေတယ်"

ကျိုးချန်အမေကြောင့်ရှောင်းကျန့်မျက်နှာလေး
ဖြတ်ခနဲရဲသွားသည်။ဘေးကရိပေါ်ကတော့ ပြုံးစိပြုံးစိနဲ့
မျက်နှာပိုးမသက်နိုင်ဖြစ်နေသည်။

"အင်း...ဟုတ် ..ဟုတ်တယ် အပူကန်နေတယ်ထင်တယ်"

ရှောင်းကျန့်လဲရိပ်မိမှာဆိုးတာနဲ့ကျိုးချန်စကားအတိုင်း
followသာလိုက် လိုက်သည်။ရိပေါ်နဲ့သူနဲ့ရီးစား
ဖြစ်နေတာကို အသိမပေးချင်လို့မဟုတ် ။မတော်တဆ
ကျိုးချန်ကနေတစ်ဆင့် ပါးသားသိသွားရင်
မဖြစ်ပေ။ပါးလို မာနကြီးပြီးဂုဏ်သိက္ခာကြီးတဲ့သူက
သူသားယောကျ်ားတစ်ယောက်နဲ့တွဲနေတာသိရင်
ဘယ်လိုမှလက်ခံနိုင်မည်မဟုတ်တာ​ကိုသူသိနေသည်။

"အေးအေး ဂရုစိုက်ဉီး"

"ပေါင်ပေါင် ဒီမှာနေဉီးနော် ကိုယ်ထမင်းသွားယူလိုက်ဉီးမယ်"

ရှောင်းသခင်လေးWhere stories live. Discover now