ရှောင်းသခင်လေး (Part 14)

11.8K 881 21
                                    

Unicode Version

6နှစ်ခန့်ကြာသော်.........

ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၊တရုတ်ပြည်။

လေယာဉ်ပေါ်ကဆင်းလာလိုက်တာနဲ့ အမိမြေရဲ့
လက်ဆတ်တဲ့လေကိုရှူရှိုက်ရသည်မို့ အတော်နေလို့
ကောင်းသွားသည်။ဘယ်နိုင်ငံတွေဘယ်လိုဘဲ
ဖွံဖြိုးတိုးတက်ပြီး နေချင်သဖွယ်ကောင်းနေပါစေ
အိမ်ဆိုတဲ့ အမိမြေလောက်တော်နွေးထွေးမှုပေးနိုင်မည်
မထင်။သူများအိမ်မှာအကောင်းစားမွေ့ယာနဲ့
အိပ်ရစေကာမူ ကိုယ့်အိမ်ရဲ့ဖျာကြမ်းပေါ်မှာကျောခင်း
လိုက်ရတဲ့အရသာဟာ ဘယ်ဟာနဲ့မှမတူပေ။
ဒါကြောင့်အိမ်လို့ခေါ်သည်ထင်ပါရဲ့။

ကုတ်အိကျီအထူအမဲရောင်အရှည်ကို အတွင်းမှာပန်းနု
ရောင် Hoddie လေးတွဲဝတ်ထားတဲ့ အပြုံးချိုချို
နဲ့အမျိုးသားတစ်ဉီး။လက်တစ်ဖက်က ဖုန်းကိုကိုင်
ထားရင်း တစ်ဖက်မှာ ice tea ဗူးကိုလက်ချောင်း
ဖြူဖြူသွယ်သွယ်လေးများဖြင့်ကိုင်ထားသေးသည်။

ထိုအမျိုးသားသည် ခဲညိုရောင် ဂျင်းလွယ်အိတ်ကိုတစောင်းလွယ်ထား​ပြီး maskအမဲလေးကိုလည်းမေးဖျား
တွင်ချိတ်ထားသည်။နှုတ်ခမ်းနီရဲရဲလေးကလည်းတလှုပ်လှုပ်နဲ့ ice teaဗူးကိုစုပ်သောက်နေပုံက ကလေးလေးလို။
တစ်ခါတစ်ခါice teaကိုစုပ်သောက်နေရင်း ထွက်ပေါ်လာသည့်ယုန်သွားလေးနဲ့ ထိုအမျိုးသားဟာ
သက်ရှိယုန်လေးတစ်ကောင်လိုပင် အလွန်ချစ်စရာကောင်းနေသည်။

airportတစ်ခုလုံးမှာရှိနေတဲ့ လူတေရဲ့အာရုံသည်
ထိုဖြူဖြူသွယ် အမျိုးသားပေါ်တွင်တည်ရှိလို့နေသည်။

ထိုအမျိုးကတော့ ဘေးကလူတေကိုအာရုံမထားဘဲ
လက်ထဲက ice teaဗူးမှာသာစိတ်နှစ်ထားပုံ
ပေါ်ပြီးအရသာခံကာ သေချာစုပ်သောက်
နေ၏။ ဖန်ဂေါ်လီလုံးလိုမျက်လုံးတောက်
တောက်များက ဟိုကြည့်ဒီကြည့်နဲ့တစ်ခုခုကိုရှာ
နေသလိုပင် ။ခနကြာတော့ သူရှာနေတာတွေ့သွားပြီ
ထင်ပါရဲ့ မျက်လုံးတေလက်လာပြီး ထိုနေရာဆီသွားကာ
လက်ထဲက ice teaဗူးခွံကိုပစ်ချလိုက်သည်။
တကယ်တော့ သူရှာနေတာဟာ အမှိုက်ပုံဘဲ။

ထိုအမျိုးကတော့ ဘေးကလူတေကိုအာရုံမထားဘဲလက်ထဲက ice teaဗူးမှာသာစိတ်နှစ်ထားပုံပေါ်ပြီးအရသာခံကာ သေချာစုပ်သောက်နေ၏။ ဖန်ဂေါ်လီလုံးလိုမျက်လုံးတောက်တောက်များက ဟိုကြည့်ဒီကြည့်နဲ့တစ်ခုခုကိုရှာနေသလိုပင် ။ခနကြာတော့ သူရှာနေတာတွေ့သွားပြီထင်ပါရဲ့ မျက်လုံးတေလက်လာပြ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ရှောင်းသခင်လေးWhere stories live. Discover now