ရှောင်းသခင်လေး (Part 19)

12.1K 799 22
                                    

Unicode Version

1လခန့်ကြာသော်

"ကျွန်တော်သွားတော့မယ်နော် ခင်များအိမ်မှာလိမ်လိမ်မာမာ
နေခဲ့ဘယ်မှလျှောက်သွားမနေနဲ့ဉီး "

"ငါကလေးမဟုတ်ပါဘူး မင်းငါ့ကိုအလောက်ထိချုပ်ချယ်
နေစရာမလိုဘူး "

မနက်ကုမ္ပဏီသွားခါနီးသူ့ကိုကလေးတစ်ယောက်လို
မှာနေတဲ့သူကြောင့် ရှောင်းကျန့်မျက်စောင်းတစ်ချက်
ထိုးကာပြန်ပြောလိုက်သည်။သူယူထားတဲ့သူကသူ့ထက်
6လကြီး တယ်ဆိုတာကိုမေ့နေသလားဘဲ။

လူလဲနေ့တိုင်းအိမ်မှာနေနေရတာ ပျင်းလို့အရည်ပါ
ထွက်ချင်နေပြီ။သူကတော့မနက်အစောကြီးအိမ်ကထွက်သွားပြီး
မှောင်ခါနီးမှအိမ်ပြန်လာတာများ လူကိုမယုံသလို
လာလုပ်နေသေးတယ်။

"ခင်များဟာလေ ကိုယ့်ယောကျ်ားကိုဆိုအမြဲ
အကောင်းကိုမပြောဘူး "

ရှေ့ကစူပုတ်ပုတ်လုပ်နေတဲ့တစ်ယောက်ရဲ့
ဆံပင်ကိုလက်နဲ့ဖွကာပြောလိုက်တော့...

"မင်းခုထိမသွားနိုင်သေးဘူးလား "

သူ့လက်တွေကိုဖယ်ကျပြီး နဂါးမျက်စောင်းနဲ့ကြည့်ကာ
ပြောလာသည်။

"သွာပြီ သွားပြီ ဒီနေ့တော့နေ့လည်စာပြန်မစားတော့
ဘူးနော် "

"စားချင်စားမစားချင်နေ "

အရင်ရက်တွေတော့ရိပေါ်
နေ့လည်စာပုံမှန်ပြန်စားဖြစ်သည်။သို့ပေမဲ့
သူပြန်စားတဲ့နေ့တိုင်းနေ့လည်စာငတ်လေသည်။
အကြောင်းကတော့ ရှောင်းကျန့်က
နေ့လည်စာကိုသူတစ်ယောက်စာဘဲချက်တာ
ကြောင့်ဖြစ်သည်။

ထိုကိစ္စကြောင့်ရှောင်းကျန့်နဲ့သူနဲ့
ခနခနစကားများရ​ပေမဲ့ သူကိုအလုပ်ပေးမလုပ်တဲ့
ကိစ္စကိုကျေနပ်ပုံမပေါ်တဲ့တစ်ယောက်က
ဆန်နပြကာဆိုးချင်တိုင်းဆိုးနေသည်။သူဘယ်လိုဘဲ
ချော့ပြောပြော၊ခြောက်ပြောပြော အဆိုးလေးက
လုံးဝဟင်းချက်မကျွေးပါ။သူနေ့လည်စာ
ပြန်စားတဲ့အချိန်ဆိုရှောင်းကျန့်ကထမင်းစားသောက်ပြီး
အိုးပါမှောက်ထားပြီဖြစ်၏။ထမင်းငပ်တဲ့ရက်တွေများ
လာတော့သူလည်းအပြင်ကဟင်းတွေဝယ်လာရပြီး
ကိုယ်ဟာကိုသာခူးခပ်စားရသည်။

ရှောင်းသခင်လေးWhere stories live. Discover now