ရှောင်းသခင်လေး (Part 33)

12.9K 697 14
                                    

Unicode Version

လအနည်းငယ်ကြာပြီးနောက်......

ဆောင်းအကုန်နွေအကူးသို့ရောက်ပြီမို့ အစိမ်းရောင်
သစ်ရွက်သစ်ခတ်တို့သည် အဝါရောင်သို့ကူပြောင်းစပြု
လာပြီဖြစ်သည်။စိမ်းတစ်ချို့နီတစ်ဖုံဝါတစ်မျိုးနဲ့
လှချင်တိုင်းလှနေသော နွေဉီးရာသီသည် အင်မတန်မှ
သာယာလှ၏။ထို့သိုပြောင်းလဲလာသောအချိန်များနှင့်အတူ
ရှောင်းကျန့်ရဲ့ပူလုံးလုံးဗိုက်ကလေးဟာလည်း
တဖြည်းဖြည်းကြီးထွာလာနေပြီး နောက်ရက်ပိုင်းလောက်
ဆိုရင်ဘဲ အထဲက ဝမ်ပေါက်စလေးထွက်လာတော့မည်
ဖြစ်သည်။

ရှောင်းကျန့်ဗိုက်ဟာ 9လကျော်နေပြီဆိုပေမဲ့ ယောကျ်ားလေး
ကိုယ်ဝန်ဆောင်လည်းဖြစ်သလို လူပျိုဗိုက်လည်းဖြစ်
တာမို့ သူများတွေလိုဖောင်းကားနေမျိုးမဟုတ်။
လုံးတစ်တစ်ကလေးနဲ့ ချစ်စရာလေးဖြစ်နေသည်။
သိုပေမဲ့ အရင်လိုအထိုင်အထတော့ မလွယ်ကူတော့။
အမြဲပတ်လက်အနေအထားနဲ့သာနေရတာများလေသည်။

ပါးနဲ့မားကတော့ ရှောင်းကျန့်ဗိုက်(8)လကျော်ပြီဆိုကတည်က
အိမ်ကိုအမြဲလာကာ သူကိုလာကြည်တက်သည်။
လာရင်လည်းလူချည်ဘဲမဟုတ် ကိုယ်ဝန်ဆောင်တွေနဲ့
တည့်တဲ့မုန့်တွေအပြင် အားဆေးတွေလည်းယူလာတက်
သည်။ရှောင်းကျန့်ကတော့ မားတိုက်တဲ့အားဆေးတွေ
သောက်ပြီးကျန်တဲ့နေရာတွေမဝပေမဲ့ ပါးနှစ်ဖက်ကတော့
သိသိသာသာကိုဖောင်းလာလေသည်။ဒါမျိုးကတော့
ဝမ်ရိပေါ်တို့အကြိုက်ပင် တစ်ခြားနေရာတွေ
သူအရင်လိုထိချင်တိုင်းထိလို့မရတော့ သူ့ပါးတွေကိုသာတရူးရူးနဲ့ခနခနလာနမ်းတက်၏။ပြီးရင်လည်း နမ်းရုံနဲ့မကျေနပ်
အရာထင်အောင်ကိုက်လိုက်လိုက်ပြီးမှ ပြန်လွှတ်ပေး
တက်သည်။ရိပေါ်ထိုသိုကိုက်ထားတဲ့နေ့တွေဆို
ရှောင်းကျန့်အကြောင်းမျိုးပြပြီး maskတပ်ထားရသည်။
ဘယ်လောက်ဘဲအိမ်ထောင်သည်ဖြစ်နေပါစေ
ဒီလိုအရာတွေကိုတော့ ပါးနဲ့မားကိုမမြင်စေချင်ပါ။

ဒါပေမဲ့ သူ့ကိစ္စတွေလိုက်ဖော်တက်သည့် အရှုပ်ထုပ်မ
နှစ်ယောက်ရှိလေသည်။သူတို့ကတော့ လီလီမနဲ့ရွှမ်းချူတို့
အတွဲပင်။ရှောင်းကျန့်ဗိုက်လရင့်လာပြီဆိုကတည်းက
ပါးနဲ့မားအပြင် ဝမ်အိမ်တော်ကိုအဝင်ထွက်ဆုံးကတော့သူ
တို့နှစ်ယောက်ပင်။လာတိုင်းလည်းသူအကောင်းမနေရ
လူရှေ့သူရှေ့မရှောင် သူတို့ဖုံးဖိထားတဲ့ကိစ္စတွေကိုအကျယ်
ပြီးအော်ပြောပြီး လူကိုတရားခံစစ်စစ်တက်တာမို့
သူတို့ရှေ့ဆို ရှောင်းကျန့်လှုပ်တောင်မလှုပ်ရဲ့။

ရှောင်းသခင်လေးWhere stories live. Discover now