ရှောင်းသခင်လေး (Part 18)

14K 923 29
                                    

Unicode Version

"ပြန်မလာသေးဘူးလားမသိဘူး "

မနက်ကတည်းဆေးရုံဆိုပြီးထွက်သွားလိုက်တာ
ညနေ(5)နာရီထိုးသည်ထိ ပြန်မလာသေးသောသူကြောင့်
ရှောင်းကျန့် Tvကြည့်ရင်းထိုင်စောင့်နေရသည်။မွန်းတည့်စာ
အတွက်ဆန်ပြုတ်ကိုတော့ ခြံစောင့်ဉီးလေးချန်မှ
ရိပေါ်ပို့ခိုင်းတာဟုပြောကာ လာပို့သွားပြီး သူကတော့
ခုထိပြန်မလာသေးပေ။အိပ်မကပ်ဖူးလို့ပြောဖူးပေမဲ့
ခုကသူရှိနေသေးတယ်မလား တစ်ခေါက်လောက်တော့
ပြန်လာသင့်တာပေါ့။

ရှောင်းကျန့်သူ့ကိုအရမ်းတွေ့ချင်နေလို့တော့မဟုတ်ပါ
သူမပါဘဲအပြင်မထွက်ရဟု ဉီးလေးချန်ကိုမှာသွားတာမို့
ဉီးလေးချန်ကသူ့ကိုအပြင်ပေးမထွက်ပေ။

လူကိုတိရိစ္ဆာန်တစ်ကောင်လိုပိတ်လှောင်ချင်နေတဲ့ဒင်း ပြန်လာမှတွေ့မယ်။

"တီ!....တီ!....တီ!..."

ခြံထဲကိုကားဝင်လာသံကြားလိုက်သည်မို့ ရိပေါ်
ပြန်လာမှန်းသိလိုက်သည်။ရှောင်းကျန့်လဲမသိချင်ယောင်
ဆောင်ကာ Tvပြန်ကြည့်နေလိုက်သည်။သူများတွေလို
ယောကျ်ားပြန်လာတာနဲ့ အမောတခေါပြေးမကြိုနိုင်ပါ။
နှစ်ယောက်သားချစ်လွန်းလို့လက်ထပ်ထားတာမှမဟုတ်
တာ အကြွေးနဲ့အသိမ်းခံထားရတာမလား။
သူ့ဘက်ကကိုယ့်ကိုဘယ်လိုသဘောထားသေးလဲ
မသိပေမဲ့ ကိုယ်ကတော့သူ့ကိုမချစ်တော့ပါ။
အဟင်း မချစ်မိအောင်ကြိုးစားတော့မည်ဆိုရင်
ပိုမှန်လေမလား။

"ခင်များက ကိုယ့်ယောကျ်ားပြန်လာတာတောင်လာမကြို
ဘူးလား "

အိမ်ထဲကိုရောက်တာနဲ့သူ့ကိုမကျေနပ်သလိုပြောလာ
တဲ့သူကြောင့်ရှောင်းကျန့်နှာခေါင်းတစ်ချက်ရှုံလိုက်မိသည်။
အိမ်ကိုပြန်ချင်တဲ့ချိန်မှပြန်လာပြီး သူကဘဲခရီးဉီးကြို
ပြုရမယ်ပေါ့လေ အားအားယားယား။

"လာကြိုရအောင် မင်းကအိမ်မပြန်တက်လို့လား "

သူ့ကိုတစ်ယောက်ထဲထားကာ အကျယ်ချုပ်ချုပ်
ထားတဲ့သူကိုမကျေနပ်တာမို့ ဘုဂလန့်သာပြန်ပြော
လိုက်သည်။သူ့လည်းယောကျ်ားကိုယ်လဲယောကျ်ား
ဘဲကို သူ့ကိုအိမ်ရှင်မကြီးလိုလာဆက်ဆံနေတာတော့
သူမကြိုက်ပါ။

ရှောင်းသခင်လေးWhere stories live. Discover now