ရှောင်းသခင်လေး(Part 3)

18.2K 1.2K 29
                                    

unicode version

ရှောင်းကျန့်ခုမနက်တော့မီဖိုချောင်ဝင်နေရသည်။
မနေ့ကလိုရိပေါ်ရဲ့ ခေါက်ဆွဲပြုတ်ကြီးကိုထပ်မစား
ချင်တော့တာကြောင့်ဖြစ်သည်။ဒီနေ့တော့ သုံးထပ်သား
ကိုဆီပြန်လေးချက်မယ်၊ပဲ​ပြားအစပ်ချက်လေးရယ်၊
မုန်ညင်းရွက်ကြော်နဲ့ ပဲပင်ပေါက်ဟင်းရည်လေး
လုပ်ပြီး ကင်ချီလေးနဲ့ဆို ထမင်းစားလို့မိန်နေမှာဘဲ။

"မနက်စောစောဘာတွေချက်နေတာလဲမွှေးနေရော"

အပေါ်ထပ်ကနေဆင်းလာပြီး မီးဖိုချောင်ထဲချက်ပြုတ်
နေတဲ့သူ့ကိုမြင်တော့ ရိပေါ်ကစကားစလာသည်။

"ဟင်းချက်နေတာလေ မမြင်ဘူးလား"

ဘာကြောင့်မှန်းမသိ ကိုယ်ဝန်စရှိကတည်းက ရှောင်းကျန့်
စိတ်နဲနဲဆက်နေသည်။ အထူးသဖြင့်သူ့ယောကျ်ားရိပေါ်
ကိုပေါ့ ဘာလုပ်လုပ်ဘာပြောပြောအကောင်းကိုမမြင်နိုင်။

"မြင်တယ်လေဗျာ ဒါပေမဲ့ ခင်များပြောတာကြားချင်လို့ပေါ့"

"အားအားယားယား မင်းကိုဘဲလိုက်ပြောပြနေရမှာလား"

"ပြောရမှာပေါ့ဗျ ကျွန်တော်က ခင်များယောကျ်ားဘဲ"

စကားပြောရင်ယောကျ်ားဆိုတဲ့စကားနဲ့ သူ့ဗိုက်ထဲက
ကလေးကိုမှထည့်မပြောရရင် စားမဝင်အိပ်မပျော်ဘူး
ထင်ပါရဲ့။

"သုံးထပ်သားချက်၊မုန်ညင်းရွက်ကြော်၊ပဲပြားအစပ်ချက်၊
ပဲပင်ပေါက်ဟင်းရည် ရပြီလား"

ရှောင်းကျန့်လည်း စိတ်ပေါက်ပေါက်နဲ့ ချက်ထားတာတွေရွတ်
ပြလိုက်သည်။

"ဝါး စားကောင်းမဲ့ပုံဘဲ"

"သေချာပေါက် မင်းခေါက်ဆွဲ​ပြုတ်ထက်တော်သာတာပေါ့"

"ခင်များဟင်းတွေက စားချင်စရာတွေဆိုတော့ ကျွန်တော်
တောင် သရေကျလာပြီ"

"သရေကျလဲဝေးဝေးမှာသွားကျ ငါ့ဟင်းအိုးထဲဝင်ကုန်မယ်"

ရိပေါ်သူ့ဟင်းတွေကိုစားချင်နေမှန်းသိလို့ ရှောင်းကျန့်ထိပ်က
ပိတ်ပြီး ပြောလိုက်သည်။

"ခင်များဟာလေ မာနကြီးရုံတင်မဟုတ်ဘူး နဲနဲလေးမှအား
နာစိတ်မရှိသူဘဲ"

ရှောင်းသခင်လေးWhere stories live. Discover now