ရှောင်းသခင်လေး (Part 38)

10.3K 639 18
                                    

Unicode Version

"ငါ့ကိုဘယ်တော့မှလာမဖက်နဲ့တော့ဝမ်ရိပေါ် "

ရှောင်းကျန့်ရဲ့အသံစူးစူးကထွက်ပေါ်လာသည်။

"မဟုတ်ဘူးပေါင်ပေါင် မောင်တောင်းပန်ပါတယ်
မောင်သတိလက်လွတ်ဖြစ်သွားလို့ပါ "

"ဘာ သတိလက်လွတ်ဖြစ်တယ်ဟုတ်လား
အမြဲတမ်းငါမင်းရင်ခွင်ထဲမှာအိပ်နေကျမလား
ဒီနေ့မှဘယ်လိုဖြစ်လို့ ငါမင်းရင်ခွင်ထဲဝင်တာနဲ့
ဆက်ခနဲတုန်ပြီးရှုံ့မဲ့သွားရတာလဲ ငါကိုအလောက်တောင်
မထိချင်တော့ဘူးလား "

ရှောင်းကျန့်ရဲ့ငိုသံပါတဲ့အသံကျယ်ကြီးဟာထွက်ပေါ်
လို့လာသည်။အသံကျယ်လွန်းတာကြောင့်
အိပ်နေတဲ့သားတောင်တစ်ချက်လှုပ်သွားသည်။

ရိပေါ်ကသူ့ကိုအလောက်ဘဲမထိမကိုင်ချင်တော့လောက်
အောင်စိတ်ကုန်နေတာများလား။

"မောင်တောင်းပန်ပါတယ်ကွာ ရုတ်တရက်ဆိုတော့
မောင့်လန့်သွားလို့ပါကွာ လာလာမောင်ရင်ခွင်ထဲပြန်ဝင်
နေနော်"

"ဖယ်စမ်းပါ "

"အ့.."

သူ့ကိုလာဖက်တဲ့ရိပေါ်ရင်ဘက်ကိုတွန်းထုတ်လိုက်တော့
'အ'ကနဲအသံမြည်ပြီးရှုံ့မဲ့သွားတဲ့ရိပေါ်။
သူတွန်းတာဖြည်းဖြည်း​လေးကိုအလကား
လာအပိုလုပ်နေပြန်ပြီ။

"အင်းပါ ပေါင်ပေါင်မကြိုက်ရင်မောင်မဖက်တော့ဘူးနော်
ညဉ့်နက်နေပြီဆိုတော့ အိပ်တော့လေ"

ရှောင်းကျန့်ရိပေါ်ကိုဘာစကားမှမပြောဘဲသူ့ကို
ကျောပေးကာအိပ်ပစ်လိုက်သည်။
ထို့နေညက ကျောပေးကာအိပ်နေသောကောင်လေးသည်
အချိန်တစ်ခုအကြာတွင် ကောင်လေးတစ်ယောက်ရဲ့
ရင်ခွင်ထဲကိုပြန်ရောက်သွားတယ်ဆိုတာမသိလိုက်ပေ။

---------------------------------------------------------

ဆောင်းတွင်းသို့ရောက်လာပြီမို့ မနက်ခင်စောစောအချိန်သည် အလွန်မှချမ်းပြီး
အတော်အိပ်လို့ကောင်းသည့် ရာသီပင်။
မနက်ပိုင်း(၈)နာရီထိုးတာတောင်အတော်ချမ်းနေသေးပြီး
အိမ်အပြင်ဘက်တွင်နှင်းမှုန်ဖွေးဖွေးတို့ပြန့်ကျဲနေသည်။
တရုတ်ဆောင်းသည်အလွန်းအေးပြီးသည်မို့
နှင်းကျသံတဖြောက်ဖြောက်ကိုလည်းကြားနေရ၏။

ရှောင်းသခင်လေးWhere stories live. Discover now