ရှောင်းသခင်လေး (Part 25)

15.3K 854 13
                                    

Unicode Version

(လက်ရှိအချိန်ပါနော်)

ဆောင်းရာသီအစမို့ ရွှေဝါရောင်နေလုံးကြီး တဖြည်းဖြည်း
ကွယ်ပြောက်သွားပြီးနောက် ဆောင်းလေစိမ့်စိမ့်လေးများ
တဖြည်းဖြည်းတိုက်ခတ်လာပြီး အနည်းငယ်အေးစပြုလာ
ပြီဖြစ်သည်။လေလေးအေးစမို့ အပြာရောင်လိုက်ကာစလေး
တလွင့်လွင့်ဖြစ်နေပြီး တစ်ချက်တစ်ချက် ထိုလိုက်ကာနောက်
အခန်းထဲရှိ ကောင်လေးနှစ်ယောက်ကိုလည်းမြင်နေရ၏။

လူနာကုတင်ထက်တွင်မှေးစက်နေသောကောင်လေး
တစ်ယောက်နှင့်အတူ ထိုကောင်လေး၏ဘေးတွင်ထိုင်
နေသောကောင်လေးတစ်ယောက်။ခပ်ကြီးကြီးလက်များ
ထဲတွင်အံဝင်ဂွင်ကျဖြစ်နေသော လက်ဖြူသွယ်သွယ်များ
ဟာ ထိုလူသားလေးနှစ်ယောက်နဲ့မှလိုက်ဖက်နေသယောင်။

ထိုင်နေသောကောင်လေး၏ မျက်လုံးများဟာပကတိ
ငြိမ်သက်နေပြီး တစ်စုံတစ်ရာကိုနစ်နစ်သည်းသည်း
ကြည့်နေပုံပေါ်၏။သေချာကြည့်မည်ဆိုပါက
ထိုကောင်လေး၏ မျက်ဝန်းအဆုံးဍ် နှုတ်ခမ်းအောက်မှာ
မှည့်နက်လေးရှိသော ကောင်လေးတစ်ယောက်ကို
မြင်ရပေမည်။

"အင်း...ကျွတ်စ်...ကျွတ်စ်..."

" ခင်များနိုးလာပြီလား "

မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက အဖြူရောင်မျက်နှာ
ကျက်တစ်ခုဖြစ်နေပြီး နှာခေါင်းထဲတွင်စိမ်းသက်သက်
ဆေးရနံ့တစ်ချို့ကိုလည်းရနေသည်။

အနည်းငယ်လှုပ်ကြည့်လိုက်တော့ သူလက်တစ်ဖက်တွင်
ပိုက်တန်းလန်းနှင့်ဆေးထိုးအပ်ရှိနေပြီး ရိပေါ်ရဲ့
ဝမ်းသာတကြီးမေးသံကိုလည်းကြားလိုက်ရ၏။
သေချာချုံငုံကြည့်လိုက်မည်ဆိုပါက သူရောက်နေတဲ့နေရာ
ဟာဆေးရုံတစ်ခုဖြစ်နိုင်ပြီး အသေးစိတ်ပြောရရင်တော့
ဆေးရုံတစ်ခုရဲ့ ကုတင်ပေါ်မှာဖြစ်နိုင်သည်။

"ရိပေါ် ငါဘယ်လိုလုပ်ဆေးရုံကို ရောက်နေတာလဲ "

နိုးနိုးချင်း တစ်ကိုယ်လုံးနုံးချည့်နေပြီး
ခေါင်းထဲတွင်လည်း ဗလာကျင်းနေသည်မို့
ဘေးမှာရှိနေတဲ့ရိပေါ်အားမေးလိုက်သည်။

ရှောင်းသခင်လေးWhere stories live. Discover now