ရှောင်းသခင်လေး (Part 24)

14.2K 891 15
                                    

Unicode Version

"ဉီးလေးချန် ဘာတွေဝယ်လာတာလဲ "

မနက်စာစားသောက်ပြီးဆိုဖာပေါ်မှာခနထိုင်နေတုန်း
ဉီလေးချန်က အထုပ်တွေအပိုးတွေနဲ့ အိမ်ထဲကိုဝင်လာလေသည်။
သူကတော့ ဟိုအယုတ်တမာယောကျ်ားလည်းမရှိသိမို့
တော်တော်စိတ်ချမ်းသာနေ၏။မနက်ကတည်းက
စားလိုက်သောက်လိုက်လုပ်နေတာ ရေခဲသေတ္တာထဲက
မုန့်တွေတောင်ကုန်လုနီးပါးဖြစ်နေပြီမို့ ခနနေရင်
Centerသွားပြီး လိုတာလေးတွေသွားဝယ်ဉီးမှပါလေ။

ဒါနဲ့ခုချိန်ဆိုဟိုတစ်ယောက်ရော သူဟာမတွေဆီများ
ရောက်နေလေမလား။
ရောက်ရောက်ပေါ့ ငါနဲ့ဘာဆိုင်တာမှတ်လို့။

"သခင်လေးစားဖို့မုန့်တွေနဲ့လိုအပ်တဲ့ဟင်းချက်စရာတွေပါ"

စိတ်ထဲမှာတစ်ယောက်အမေးအဖြေလုပ်နေရင်း
ဉီးလေးချန်စကားကြောင့် အတွေးတွေကိုရပ်တန့်လိုက်ပြီး...

"ဟင် ကျွန်တော်လည်းမမှာမိလိုက်ရပါလား "

"ဟို....သခင်လေးဝမ်က ပို့ခိုင်းလိုက်တာပါ"

မရဲတရဲပြောလာတဲ့ဉီးလေးချန်ကသူတို့ရန်ဖြစ်တာကို
သိပုံပေါ်သည်။ရိပေါ်နဲ့တွေ့ခဲ့ပြီဆိုမှတော့ သိတာလဲမဆန်း
ပါဘူးလေ။ရှောင်းကျန့်လည်းဆက်မပြောချင်တာမို့
ဝယ်လာတဲ့ပစ္စည်းတွေကို ထားခဲ့ခိုင်းလိုက်တော့သည်။
ရေခဲသေတ္တာထဲမှာစားစရာတွေကုန်နေသည်မို့
အပြင်ထွက်မလို့စဉ်းစားထားပေမဲ့ ဒင်းကဉီးသွားတော့လည်း
ကောင်းတာဘဲလေ သူတောင်သက်သာသေး။

ရှောင်းကျန့် ဒီနေ့မနက်လည်းပျင်းပေမဲ့ weiboတောင်ဖွင့်မကြည့်ရဲပေ။
ဒင်းရဲ့အရှုပ်ထုပ်တွေတစ်ခုပြီးတစ်ခုပေါ်လာရင်
သူဘဲဒေါသထွက်ရမှာမို့ ဖုန်းမကိုင်ရဲခြင်းဖြစ်သည်။
ဒါပေမဲ့လည်း မမြင်ချစ်တဲ့မျက်နှာကိုမမြင်ရတော့တာမို့
အိပ်လိုက်စားလိုက်နဲ့ တော်တော်စိတ်ချမ်းသာလို့နေသည်။

ဒါနဲ့ညကဖုန်းနဲ့အထုခံလိုက်ရတာ ဒဏ်ရာကတော်တော်
များမယ်ထင်တယ် ခုရောဘယ်လိုနေသေးလဲမသိဘူး။

"ရှောင်းကျန့်! မင်းခုဘယ်သူကိုစိတ်ပူနေပြန်ပြီလဲ "

ကိုယ့်ဘာသာပေါက်ကရတွေတွေးပြီးကာမှ ဒင်းကိုစိတ်ပူ
နေမှန်းသတိရသွားတာမို့ အလန့်တကြားနဲ့
ကိုယ့်ကိုကိုယ်ပြန်ဆူပူလိုက်မိသည်။

ရှောင်းသခင်လေးWhere stories live. Discover now