ရှောင်းသခင်လေး (Part 29)

13.1K 812 6
                                    

Unicode Version

"ကိုကို "

ရှောင်းကျန့်ရှက်ပြုံးလေးနဲ့မနေတက်မထိုင်တက်ဖြစ်နေတုန်း
နောက်ကထွက်လာတဲ့အသံကြောင့် လှည့်ကြည့်လိုက်တော့...

ခပ်ချောချောကောင်မလေးတစ်ယောက်ဖြစ်ပြီး
ရိပေါ်ကိုကြည့်ကာခေါ်နေလေသည်။ရှောင်းကျန့်ဒီကောင်မ
လေးကို ကြည့်ကာ မြင်ဖူးသလိုခံစားနေရသည်။

ဟင် ဒါဟိုတစ်ခါရိပေါ်နဲ့ Hotelထဲကိုအတူဝင်သွားတဲ့
ကောင်မလေးဘဲ။

ပြုံးပြလာတဲ့ကောင်မလေးကြောင့်
ရှောင်းကျန့်ထိုကောင်မလေးကို မှတ်မိသွားသည်။
သူကိုကို လို့ခေါ်နေတာရိပေါ်ကိုများလား။

"လီလီမ နင်ဘယ်ကိုလာတာလဲ "

"ကစားကွင်းကိုဘဲလေကိုကိုရဲ့ ဒါနဲ့ဘေးကဘယ်သူလဲ "

အပြန်အလှန်စကားပြောနေတဲ့နှစ်ယောက်ကိုကြည့်ပြီ ဒီကောင်မလေးခေါ်တဲ့ ကိုကိုဆိုတာရိပေါ်မှန်း
သိသွားသည်။ဘေးကရိပေါ်ကတော့
ကောင်မလေးက ကို့ကိုကိုလာခေါ်နေတာတောင်
ဘာမဖြစ်သလို အေးအေးဆေးဆေးပင်။

ဘာလဲ သူတို့အကြောင်းကိုငါသိသွားမှာ ရိပေါ်ကမကြောက်
ဘူးလား။

"အော် ဒါငါ့အမျိုးသားလေ ရှောင်းကျန့်တဲ့ "

"ဝါး ကိုကိုတို့ကတော့ အချောလေးကို ရထားတာဘဲနော် "

"ဒါပေါ့ ငါ့အမျိုးသားကတကယ့်အချောလေးလေ "

ရှေ့ကနှစ်ယောက်ပြောနေတဲ့စကားတွေကိုနားထောင်ပြီး
ရှောင်းကျန့်နားမလည်တာမို့ မျက်မှောင်ကျုံ့
လိုက်မိသည်။

ရိပေါ်နဲ့ဒီကောင်မလေးက ဘာညာဘာညာတွေ
မဟုတ်ဘူးလား။ရိပေါ်က သူ့ကိုအမျိုးသားလိုမိတ်ဆက်
ပေးတာကို ဘာလို့ဒီကောင်မလေးကဘာမှမဖြစ်ရတာလဲ။
တမင်ဟန်ဆောင်နေတာများလား ဒါမှမဟုတ်
မျက်နှာပြောင်တိုက်နေတာလား။

"ဒီကရှောင်းကျန့်ကောကော တွေ့ရတာဝမ်းသာပါတယ်
ညမကလီလီပါ "

အပြုံးလေးနဲ့နှုတ်ဆက်လာတဲ့ကောင်မလေးက မသိရင်
ဘာမှမသိတဲ့ အဖြူထည်လေးလို။ဘေးကရိပေါ်ကို
ကြည့်တော့လည်း မဟုတ်တာ
ဘာမှမလုပ်ထားသလို ပုံစံမပြက်။

ရှောင်းသခင်လေးWhere stories live. Discover now