ရှောင်းသခင်လေး (Part 30)

13.8K 818 5
                                    

Unicode Version

ဆောင်းဉီးရာသီမို့ နှင်းမှုန်လေးတွေတဖွဲဖွဲကျဆင်းနေပြီး
ညတာဟာအတော်ကိုရှည်သည်။ပြတင်းပေါက်မှန်
တံခါးတွင် အအေးဓာတ်ကြောင့်ဖြစ်ပေါ်လာသော
ရေငွေ့လေးတွေရစ်သိုင်းနေပြီး နှင်းကျသံမှလွဲ၍
ဘာမှမကြားရ။တိတ်ဆိတ်နေသောပတ်ဝန်းကျင်နှင့်
အပြိုင် အခန်းအတွင်းရှိလူနှစ်ယောက်မှာလည်း
ငြိမ်သက်နေလေ၏။

တရုတ်ပြည်ရဲ့ဆောင်းဉီးရာသီသည် ညဘက်တွင်အေးတက်ပြီးနေ့လည်ဘက်တွင်အချမ်းလျော့
လေသည်။ခုလို သန်ခေါင်ကျော်ညချမ်း
အချိန်ဆို အအေးဓာတ်ပိုးပြီးလွန်ကဲတက်ပြီး အတော်အေး
၏​။သို့ပေမဲ့ ရှောင်းကျန့်ရင်ထဲမှာတော့မအေးနိုင်
စိုးရိမ်စိတ်ကြောင့်ပူလောင်လို့နေသည်။

"ရှောင်းကျန့် ခင်များအိပ်လို့မပျော်ဘူးလား "

ဘေးကတလှုပ်လှုပ်တယွယွဖြစ်နေတဲ့ရှောင်းကျန့်ကြောင့်
ရိပေါ်လည်းအိပ်လိုမပျော်ပေ။ရှောင်းကျန့်ရဲ့ကိုယ်လေးကို
အသာဖက်ထားရင်း အသက်ရှုသံပြင်းပြင်းနဲ့အတူ
သက်ပြင်းချသံ ခပ်ဖွဖွကိုလည်းကြားနေရ၏။
နေ့လည်ကအိပ်ထားတဲ့အရှိန်ကြောင့်
ရိပေါ်အိပ်မပျော်ပေမဲ့ နေ့လည်ဘက်လည်း
မအိပ်တဲ့ ရှောင်းကျန့်ကဘာလို့အိပ်မပျော်တာပါလိမ့်။

"အင်း ငါနည်းနည်းအတွေးလွန်နေလို့ "

အိပ်နေရင်းဖြေလာတဲ့ရှောင်းကျန့်အသံကတိုးဖြဖြ။

"ညဉ့်နက်နေပြီ အိပ်တော့လေ မနက်ကျအိပ်ရေးမဝရင်
ခေါင်းမကြည်ဘဲနေမယ် "

သူ့ခါးကိုဖက်ထားရင်းပြောလာတဲ့ ရိပေါ်က
ဆူပူနေတာထက် စိုးရိမ်သလို ချော့သလိုလေးပြောလာသည်။
ဒါပေမဲ့ ရှောင်းကျန့်မကြည်နူးနိုင် သူ့ခေါင်းထဲမှာ
မနက်ကလီလီနဲ့ရိပေါ်ရဲ့ပတ်သတ်မှုအပြင် သူမရှင်းတဲ့
မေးခွန်းတွေလည်းမေးချင်နေမိသည်။တစ်ဖက်စိတ်တွင်
လည်း ရှောင်းကျန့်မမေးရဲဘဲ ကြောက်နေမိပြန်သည်။

သူမေးလိုက်လို့ သူမဖြေစေချင်တဲ့အဖြေတွေရိပေါ်က
ဖြေလာရင်ရော သူဘာဆက်လုပ်ရမလဲ။
ပွဲကြမ်းပြီး ကွာရှင်းလိုက်ရမလား ဒါမှမဟုတ်
ခွင့်လွှတ်ပြီး သည်းခံပေးရမှာလား။

ရှောင်းသခင်လေးWhere stories live. Discover now