ရှောင်းသခင်လေး Part (4)

17.6K 1K 19
                                    

Unicode Version

2002ခုနှစ် ပေကျင်းအစိုးရအထက်တန်းကျောင်း
တရုတ်ပြည်....

ကျောင်းထဲကိုထိုးဝင်လာသည့် ပြောင်လက်နေသော
တန်ဖိုးကြီးကားတစ်စီးကြောင့် ဘေးနားကကျောင်းသူ
ကျောင်းသားများ၏အာရုံသည် ထိုကားပေါ်သို့
ရောက်ရှိလာကြသည်။

"ကျွီ "

ကားတံခါးဖွင့်သံကြားလိုက်ရပြီးနောက်
Shoe ဖိနပ်အဖြူလေးကိုစီးထားသော ခြေထောက်သွယ်
သွယ်တစ်စုံ ထွက်ပေါ်လာသည်။ထိုခြေထောက်တစ်စုံ
မြေပေါ်ကို ခြေချလာပြီးနောက်မှာတော့ ဘေးနားရှိကျောင်းသူ ကျောင်းသားများ၏ တီးတိုးပြောသံများထွက်ပေါ်လာသည်။

"ဟယ် အဲဒါ ရှောင်းသခင်လေးမလား ချောလိုက်တာဟယ်"

"ဟုတ်ပါ့ ဖြူဖွေးပြီး အရပ်ကြီးကလဲ အရှည်ကြီးဘဲ
ကြိုက်လိုက်တာဟယ် အဟိ"

"သူကို လိုက်ပို့တဲ့ကားကြီးကလဲ မိုက်တယ်နော်"

"ရှောင်းသခင်လေးဘဲဟဲ့ အလောက်တော့ရှိမှာပေါ့"

ပေကျင်းမြို့ရဲ့ no1 အချမ်းသာဆုံး Xiao Group
ရဲ့ တစ်ဉီးတည်းသောသားရှောင်းကျန့်ကို တစ်ကျောင်းလုံးမသိသူမရှိ။
ချမ်းသာတာအပြင် ရုပ်ချောပြီး မာနကြီးတဲ့
ရှောင်းသခင်လေးဆိုပြီး တစ်ကျောင်းလုံးကသိကြသည်။

ရှောင်းသခင်လေး ဆိုသူကတော့ ပြောနေတာတွေကို
ဂရုမစိုက်ဘဲ ကျောင်းထဲကိုခြေလှမ်းမှန်မှန်နဲ့ ဝင်လာနေသည်။

ရှောင်းသခင်လေး ဆိုသူကတော့ ပြောနေတာတွေကိုဂရုမစိုက်ဘဲ ကျောင်းထဲကိုခြေလှမ်းမှန်မှန်နဲ့ ဝင်လာနေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဟို ရှောင်းသခင်လေး"

ရှောင်းကျန့်သူ့လမ်းသူသွားနေရင်း သူ့ရှေ့ကိုလာပိတ်ရပ်
တဲ့ကောင်မလေးကြောင့် မျက်မှောင်ကျုံ့လိုက်မိသည်။

ရှောင်းသခင်လေးWhere stories live. Discover now