ရှောင်းသခင်လေး Part(2)

23.3K 1.4K 61
                                    

Unicode Version

ရှောင်းကျန့်နိုးလာတော့ နွေးထွေးတဲ့ရင်ခွင်တစ်ခုထဲမှာရှိ
နေပြီး တင်းကြပ်စွာ အဖက်ခံထားရတယ်။တရာခံ
ကတော့သေချာပေါက် သူ့ရဲ့အယုတ်မာယောကျ်ားပေါ့။

"ရိပေါ်...ဖယ်ပေးဉီး...ငါထတော့မယ်"

"အင်း..... အစောကြီးရှိသေးတယ်လေ
အားရှိအောင်ပြန်အိပ်ဉီး"

နှိုးလိုက်တော့ တအင်းအင်းတအဲအဲလုပ်ပြီး
သူ့ကိုပါပြန်အိပ်ခိုင်းနေပြန်သည်။

"ဘာအစောကြီးလဲ 8နာရီထိုးနေပြီထတော့ မင်းလဲကုမ္ပဏီ
သွားရဉီးမယ်မလား"

"အင်း.....သွားရမယ်လေ...ဒါပေမဲ့စောပါသေးတယ်"

"မင်းမထချင်လဲနေ ငါကတော့ထတော့မယ်
ငါ့ကိုဖက်ထားတာလွှတ်တော့"

ပြောလိုက်တော့ဖက်ထားတဲ့လက်ကို အသာဖြေပေးလာတယ်

ရှောင်းကျန့်လဲရေချိုးခန်းထဲဝင် မျက်နှာသစ်ပြီးကိုယ်လက်
သန့်စင်လိုက်သည်။မနက်စောစောမို့ ရေတော့မချိုးချင်။
ပြီးတာနဲ့ အောက်ထပ်ကိုဆင်းကာ မနက်စာပြင်ဖို့လုပ်လိုက်
သည်။မနက်စာဆိုတော့ ထွေထွေထူးထူးဘာမှလုပ်မနေဘဲ
ထမင်းကြော်နဲ့ကော်ဖီသာ လုပ်လိုက်တော့သည်။

ရှောင်းကျန့်မနက်စာပြင်ပြီး နာရီကြည့်လိုက်တော့
8နာရီ45ရှိနေပြီဖြစ်သည်။အပေါ်ထပ်ကတစ်ယောက်
ကခုထက်ထိမထသေးဘူးလားမသိဘူး။

"ဘာတွေပြင်ထားတာလဲမွေးနေရော"

တွေးလို့မှမဆုံးသေးဘူး အပေါ်ထပ်ကနေ
ကော့ကော့ ကော့ကော့နဲ့ ဆင်းလာနေတာကိုမြင်လိုက်
ရသည်။ရှောင်းကျန့်သူ့ပုံစံကိုကြည့်ပြီ နှာခေါင်းတစ်ချက်
ရှုံ့လိုက်သည်။

All Black Suit ကိုမှ အောက်ကအဖြူခံတစ်ထပ်နဲ့
တွဲဝတ်ထားပြီ necktie ကလဲ Suitနဲ့အလိုက်
Black necktieကိုတွဲဝတ်ထားတာကြောင့်
သူ့ပုံစံက တော်တော်လေး လူကြီးလူကောင်းဆန်နေသည်။
ဆံပင်ပုံစံကလဲ သပ်သပ်ရပ်ရပ်ဖီးထားပြီး ဆံပင်ကို
အလည်ခွဲခွဲကာရှေ့တစ်ဖက်တစ်ချက်မှာလဲချထားသေးသည်

All Black Suit ကိုမှ အောက်ကအဖြူခံတစ်ထပ်နဲ့တွဲဝတ်ထားပြီ necktie ကလဲ Suitနဲ့အလိုက်Black necktieကိုတွဲဝတ်ထားတာကြောင့်သူ့ပုံစံက တော်တော်လေး လူကြီးလူကောင်းဆန်နေသည်။ဆံပင်ပုံစံကလဲ သပ်သပ်ရပ်ရပ်ဖီးထားပြီး ဆံပင်ကိုအလည်ခွဲခွဲကာရှေ့တစ်ဖက်တစ်ချက်မှာလဲချထားသေးသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ရှောင်းသခင်လေးWhere stories live. Discover now