Ch.(1) စွန့်ပစ်နယ်မြေသို့ ဝင်ရောက်

6.5K 416 7
                                    

Unicode

ကြောက်စရာအရာ၊ အနက်ရောင်ပုံရိပ်၊ မုန့်ချုံ့ကွမ်း



ရွှီဖျင် မျက်လုံးဖွင့်လိုက်သည်။

အမှောင်ထု၏ ထူထပ်သော ကန့်လန့်ကာသည် သူ့အား မပျော်ဝင်နိုင်အောင် ဝိုင်းရံထားပြီး ထူးဆန်းသော ငါးအရသာသည် လည်ချောင်းတစ်လျှောက် စိမ့်ဝင်လာသည်။

သူအိပ်နေကျ ကုတင်ပေါ်တွင် လဲလျောင်းနေတာမဟုတ်။

ရွှီဖျင်သည် သူ့အောက်နား တဝိုက်ကိုစမ်းရန် လက်ကို ဆန့်ထုတ်လိုက်သောအခါ သူ့လက်ဖဝါး စိုစွတ်လာသည်။ မထင်မှတ်ဘဲ၊ သူသည် ရေတိမ်တိမ် ရေခဲကန်ထဲတွင် လဲလျောင်းနေသည်။ ရေကန်သည် လက်ချောင်းတစ်ခြမ်းမျှသာ နက်သော်လည်း အရိုးများထိအေးစက်စေပြီး အာရုံခံစားမှုသည် အိပ်မက်ကဲ့သို့မဟုတ်ဘဲ အမှန်တကယ်လိုခံစားရသည်။

Swoosh—

သိုးအုပ်လို ဖြူဖွေးနေသော မျက်စိကျိန်းစေသည့် အလင်းရောင်သည် ရွှီဖျင်၏ မျက်လုံးများရှေ့တွင် ရုတ်တရက် လင်းလက်လာသောကြောင့် နာကျင်စွာ အလင်းရောင်ကို ပိတ်ဆို့ရန် လက်ကို မြှောက်လိုက်သောအခါ အသံတိုးတိုးလေးပေါ်လာသည်။ "...မင်းရောက်လာပြီပဲ။"

သူ့ရှေ့ကို ဓားမြှောင်တစ်ချောင်းကျလာပြီး ရေသံနဲ့ဖုံးသွားသလို တိုးလှတဲ့ အမျိုးသားတစ်​ယောက်ရဲ့ အသံထွက်လာသည်။ "မင်း သူ့ကို သတ်ပစ်ရမယ်"

ရွှီဖျင်: ".....ဘယ်သူ?"

အမျိုးသားအသံက “မုန့်ချုံ့ကွမ်း” လို့ ပြန်ဖြေသည်။

ရွှီဖျင်သည် ခေါင်းကိုက်ဝေဒနာ ခံစားနေရပြီး ယခုဖြစ်ပျက်နေသည့်အရာများကို ရှင်းရှင်းလင်းလင်း မစဉ်းစားနိုင်တော့ပေ။

"မုန့်ချုံ့ကွမ်း" ဤနာမည်သည် အလွန်ရင်းနှီးသည်ဟုသာ သူခံစားခဲ့ရပြီး ယခင်က သူကြားဖူးခဲ့သည့်နေရာကို မေ့သွားခဲ့သည်။

ပိုမိုအသေးစိတ်သောအဖြေရရန် သူ၏မေးခွန်းများကို ပြန်လည်ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့သည်- "မင်းက ဘယ်သူလဲ"

ယောက်ျားအသံက “ငါက သုံးလောကရဲ့ အသိဉာဏ်ပဲ" ဟုဆိုသည်။

ရွှီဖျင်:"  .  .  .  ”

ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]Where stories live. Discover now