Ch.(7) မှတ်ဉာဏ်များ ပြန်ကြည့်ခြင်း

1.1K 194 2
                                    

အတိတ်နယ်မြေ၊ အတိတ်ဖြစ်ရပ်များ၊ဖုယုအသီး



ချွီချီသည် မလှုပ်ရှားဘဲ မျက်လုံးများသည် မုံ့ချုံ့ကွမ်းကို စိုက်ကြည့်ရင်း အေးစက်သောည၏ ကြယ်ကောင်းကင်နှင့်တူသည်။

မုန့်ချုံ့ကွမ်းက ချီတုံချတုံနှင့် အမိန့်ပေးလိုက်သည်။ "....မြန်မြန်သွား။"

ချွှီချီက မတုန်လှုပ်သေး။

ရွှီရှင်းကျီက မုန့်ချုံ့ကွမ်းထက် ပိုမိုမြန်ဆန်စွာ တုံ့ပြန်ခဲ့သည်- "ဒီတခေါက် မင်းငါ့ကို ကောင်းကောင်းမကာကွယ်နိုင်ပေမယ့် မင်းရဲ့သကြားလုံးတွေကို သိမ်းမှာမဟုတ်ဘူး။ ဒီတစ်ကြိမ်ပဲနော်"

မုန့်ချုံ့ကွမ်း: "....."

ချွီချီ: "တကယ်လား?"

ရွှီရှင်းကျီ: "တကယ်"

ချွီချီ၏ပုံသဏ္ဌန်သည် ရွေ့လျားသွားပြီး သူတို့နှစ်ယောက်၏အကြည့်မှ ချက်ချင်းပျောက်ကွယ်သွားသည်။

နောက်အခိုက်အတန့်တွင်၊ ဝမ်းနည်းကြေကွဲဖွယ် ငိုကြွေးသံများသည် တောအုပ်အတွင်းမှ ပဲ့တင်ထပ်လာသည်။

ချွီချီကို ထုတ်ပယ်ပြီးနောက်၊ ရွှီရှင်းကျီသည် မြေပြင်ပေါ်ရှိ သားရဲဝတ်လူကို ကြည့်ပြီး "ဒီလူက ငါ့ကိုပစ်မှတ်ထားနေတာလား?" ဟု မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

မုန့်ချုံ့ကွမ်းနှင့် ရွှီရှင်းကျီတို့သည် နှစ်ယောက်ထဲရှိသောကြောင့် ယခင်ကလို ထူးထူးခြားခြား အပြစ်ကင်းသော အပြုအမူကို ပြသခဲ့သည်။ မြေပြင်ပေါ်ရှိ ရွှံ့အပုံကြီးသည် သူနှင့်ဘာမှမဆိုင်သလို သူ့လက်များကို ကျောနောက်တွင် ဆုပ်ကိုင်ထားသည်။ "....ဟုတ်ကဲ့။"

ရွှီရှင်းကျီ နားလည်သွားသည်။

'ဒီလိုသာဆိုရင်၊ သေတာတောင်နည်းသေးတယ်။'

ရွှီရှင်းကျီ တိတ်ဆိတ်သွားပြီးနောက် မုန့်ချုံ့ကွမ်းသည် သူ၏ ကြောက်စရာမျက်နှာကို သဲလွန်စမကျန်မချင်း ရှင်းပစ်ခဲ့သည်။ ထို့နောက် သူသည် ရွှီရှင်းကျီ၏ဘေးသို့ သတိထားပြီး ရွှေ့လိုက်သည်- "ရှစ်ရှုန်း၊....ကျွန်တော် မဆင်မခြင်လုပ်လိုက်မိတာလား?"

ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]Where stories live. Discover now