Ch.(12) တစ္ဆေမျိုးဆက်

788 127 3
                                    

Unicode

အတိတ်၊ မျက်နှာသာရဖို့ အပြိုင်အဆိုင်၊ ဝမ်ရွှယ်ချန်


ဆယ်ကျော်သက် လုယွီကျို့သည် ချင်းလျန်ချိုင့်ဝှမ်းထဲသို့ လက်ခံခံရသည်ကို အတိုချုပ်ပုံစံဖြင့် ကယောင်ကတမ်း ပြောပြနေသည်။

ပျင်းရိပြီး နာမည်မရှိသော တစ္ဆေကျင့်ကြံသူသည် သေမျိုးလောကသို့ အပျော်အပါးသွားသောအခါ အပျို​စင်လေးတစ်ယောက်ကို ချစ်မိသွားခဲ့သည်။ ထို့ကြောင့် မင်ယာပြည်မှ နှုတ်ဆက်ကာ ဖျားနာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ သူမနှင့်အတူ နေခဲ့သည်။

အပျိုမလေးက လုယွီကျို့ကို မွေးခဲ့ပေမယ့် မီးဖွားပြီးနောက် ကာလမှာ ဖျားနာခဲ့သည်။ သူမ၏ခန္ဓာကိုယ်သည် အားနည်းလာပြီး လုယွီကျို့ အသက် 3နှစ်တွင် ဆုံးပါးသွားခဲ့သည်။

လူတစ်ဦးသည် သရဲတစ္ဆေအဖြစ်သို့ အောင်မြင်စွာကူးပြောင်းရန် ခြောက်ကြိမ်တွင် တစ်ကြိမ်သာ အခွင့်အရေးရှိပြီး ထိုတစ္ဆေဆရာသည် သေခြင်းဖြင့်ခွဲခွာခံရခြင်း၏ခါးသီးမှုကို ပထမဆုံးအကြိမ် အရသာခံခဲ့သည်။ သူသည် အလွန်စိတ်မချမ်းမသာဖြစ်သဖြင့် အရွယ်မရောက်သေးသော ကလေးကို ချန်ထားခဲ့ကာ သူမနောက် လိုက်သွားခဲ့သည်။

လူငယ်လေး လုယွီကျို့ လောကရေးရာများကို နားလည်နိုင်ပြီးနောက်တွင် အခြားသူများထံမှ အတင်းအဖျင်းအနည်းငယ်ကိုကြားရပြီး သူ့အဒေါ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း သိရှိလာခဲ့သည်။ ထို့ကြောင့် လွယ်အိတ်သေးသေးလေးတစ်အိတ်ကို ကောက်ယူကာ ကျင့်ကြံရေး နှင့်ပတ်သက်သည့် အသိပညာများရရှိရန် မသေမျိုးတစ်ယောက်ကို ရှာဖွေရန်၊ အဒေါ်အား နှုတ်ဆက်ကာ အိမ်မှထွက်ပြေးသွားခဲ့သည်။

သူ၏ ခရီးစရိတ် စုဆောင်းငွေများ လုံး၀ကုန်သွားချိန်တွင် ချင်းလျန်တောင်ကြားသို့ ရောက်ရှိလာခဲ့သည်။

သူ့ကို ဦးဆောင်ခဲ့တဲ့ ရှစ်ရှုန်းသည် ဒီလူငယ် တစ္ဆေကျင့်ကြံသူ ချင်းလျန်တောင်ကြားထဲသို့ အမှတ်မထင် ဝင်ရောက်သွားသည်အထိ စေ့စေ့စပ်စပ် စစ်ဆေးမှု မပြုလုပ်ခဲ့ပေ။

ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]Where stories live. Discover now