Ch.(6) အတုယောင်အား အပြစ်ပေးခြင်း

1.2K 208 9
                                    

ချွီချီ၊ ကျောက်စရစ်ခဲများ၊ ကွဲအက်နေသော သစ်ကြားသီး


တစ်ညတာကုန်ဆုံးသွားပြီးနောက်၊ ရွှီရှင်းကျီသည် ခွန်အားအချို့ပြန်လည်ရရှိလာပြီး မြေပြင်ပေါ်သို့လှမ်းချိန်တွင် ဒူးများတုန်နေသေးသော်လည်း၊ အနည်းဆုံးတော့ ယခုအချိန်တွင် အခိုင်အမာရပ်နိုင်နေပြီဖြစ်သည်။

သူ့လက်ကောက်ဝတ်ပေါ်က ရွှေချိန်းကြိုးက မုန့်ချုံ့ကွမ်းနှင့်အတူ သဲလွန်စမရှိဘဲ ပျောက်သွားသည်။ လက်ကောက်ဝတ်ကို ဆန့်ထုတ်လိုက်သောအခါတွင် အနီရောင်အစင်းရာများ မကျန်ခဲ့သည်မှာ ထူးဆန်းပါသည်။

ရွှီရှင်းကျီကုတင်ပေါ်မှ ဆင်းလိုက်သောအခါတွင် ရေနွေးပူပူများ စိမ့်ထွက်နေသည့် ရေချိုးကန်တစ်ခု ရှိနေသည်ကို သူတွေ့လိုက်ရသည်။

သူ စိတ်မထိန်းနိုင်ဘဲ ပျော်ရွှင်စွာ ရေချိုးလိုက်သည်။ အနည်းငယ် လန်းဆန်းသွားပြီးနောက် ကုတင်ခေါင်းရင်းရှိ ယက်တောင်ကို ကိုင်ကာ လေကောင်းလေသန့်ရူရန် တံခါးအပြင်သို့ ထွက်လာခဲ့သည်။

မျှော်စင်အပြင်ဘက်တွင် မိုးဖွဲဖွဲလေး ကျလာသည်။ ရွှီရှင်းကျီ မျှော်စင်တံခါးမှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် မြေပြင်ထက်တွင် ခေါင်းသာပေါ်နေသည့် ဒေါသထွက်နေသော ကျိုးပိုင်နန်ကို တွေ့လိုက်ရသည်။

ကျိုးပိုင်နန်၏မျက်နှာသည် သူ့ကိုမြင်သည်နှင့် တပြိုင်နက် မည်းမှောင်သွားသော်လည်း ကံမကောင်းစွာဖြင့် သူ့အမြင်လမ်းကြောင်းကို ပြောင်းလဲရန် နည်းလမ်းမရှိပေ။ အနည်းငယ်မော့ကြည့်ပြီး သူ့မြေပြင်အနေအထားကနေ ဆိုးရွားတဲ့အကြည့်တွေကိုသာ ပစ်ခတ်နိုင်ခဲ့သည်။

အကြောင်းပြချက်တစ်ခုခုကြောင့် ကျိုးပိုင်နန် ၏မျက်နှာပေါ်တွင် သွားများအံကြိတ်ကာ ရက်စက်ကြမ်းကြုတ်သောအမူအရာလေးကိုမြင်လိုက်ရသဖြင့် ရွှီရှင်းကျီက သူ့ကိုပို၍နောက်ပြောင်ချင်လာသည်။

သူကထိုင်ချပြီး လေးလေးနက်နက် စိုးရိမ်စိတ်နဲ့ မေးလိုက်သည်။ "ဒီမှာ ဘာဖြစ်နေတာလဲ"

ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]Where stories live. Discover now