Ch.(15) ပိုကောက်ကျစ်သောမိမိ

673 102 5
                                    

Unicode

တိုက်ဆိုင်မှု ၊ လမ်းပြဘုတ် ၊ ဟူထျောင်လျှိုမြှောင်

ထောင်ရှန်းသည် ရွှီရှင်းကျီ၏ နှလုံးသားထဲမှ ထင်မြင်ချက်များကို မသိဘဲ လုယွီကျို့ကို တွေ့ရန် ခေါ်သွားပေးခဲ့သည်။

တံခါးကို တွန်းဖွင့်လိုက်တော့ ရွှီရှင်းကျီရဲ့ ဝတ္ထုထဲက မုန့်ချုံ့ကွမ်းကို ကယ်တင်မည့် ကြယ်ပွင့်လေးတွေအားလုံးဟာ အထဲမှာ စုရုံးနေကြပြဖြစ်သည်။

ကျိုးပိုင်နန်သည် လောလောဆယ် လုယွီကျို့၏ချွေးများကို သုတ်နေကာ ကျိုးဝမ့်သည် ဒူးတစ်ဖက်ထောက်ကာ ကုတင်ပေါ်တွင်ထိုင်နေကာ သူ့ဒဏ်ရာ၏အတိုင်းအတာကို မေးမြန်းနေပြီး အရိုးခြောက်မိန်းကလေး ယွမ်ရူကျိုးသည် လုယွီကျို့၏ခွက်ထဲကို ရေအိုးသေးတစ်လုံးဖြင့် ဖြည့်ပေးနေသည်။

ချွီချီသည် လက်တွင်တောင်မွှေးကိုကိုင်ကာ မတ်တပ်ရပ်နေပြီး သူ့အကြည့်များက ငွေရောင်ကဲ့သို့ ဖြူစင်နေလေသည်။ ထောင်ရှန်း လာသည်ကို မြင်သောအခါ၊ သူသည် ချက်ချင်းပင် ချဉ်းကပ်လာပြီး၊ အရွယ်ရောက်ပြီးသူလို ဟန်ဆောင်နေသည့် ကလေးကဲ့သို့ တင်းမာသော လေသံဖြင့် "....ငါပြန်လာတော့ အခန်းထဲမှာ မင်းကိုဘာလို့မတွေ့ရတာလဲ?"

ထောင်ရှန်းက ရိုရိုသေသေ ပြန်ဖြေလိုက်သည်။ "ချွီရှစ်ရှုန်းကို ပြန်ဖြေပါတယ်၊ ကျွန်တော် ပိုကောင်းလာပါပြီ၊ ဒါကြောင့် လမ်းလျှောက်ချင်မိလို့ပါ"

ချွီချီသည် ဤဆင်ခြေကိုလက်ခံပုံရသည်- "နောင်ကျ ကြုံသလို လျှောက်သွားမနေနဲ့"

သူစကားပြောနေစဉ် ထောင်ရှန်း၏မျက်လုံးများရှေ့တွင် တောင်မွှေး၏အစွန်းပေါ်လာသည်။

ထောင်ရှန်းက သူ့ရည်ရွယ်ချက်ကို နားလည်လိုက်ပြီး တောင်မွှေးပေါ်က အမြီးမွှေးလေးတွေကို ဆွဲကိုင်လိုက်ပြီး ချွီချီကို စစ်ဆေးခွင့်ပေးလိုက်သည်။

ချွီချီသည် နောက်ပြန်လှည့်ကာ ရွှီရှင်းကျီ ကိုခေါ်ရန်မမေ့ခဲ့ပင်။ "ရှင်းကျီ၊ လာလေအာ"

တံခါးဝမှာရပ်ပြီး ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ ရွှီရှင်းကျီက သူကမ္ဘာကြီးနဲ့ဝေးကွာနေသလို ခံစားလိုက်ရသည်။

ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]Where stories live. Discover now