Ch.(11) မှတ်ဉာဏ်များကို ပြန်ကြည့်ခြင်းII

913 137 1
                                    

ပွေ့ဖက်ခြင်း၊ သူငယ်ချင်းဟောင်း၊ လုယွီကျို့

ရွှီရှင်းကျီသည် နောက်မှစကားများကို ရှင်းရှင်းလင်းလင်း မကြားနိုင်တော့ပေ။

အပင်၏ရနံ့သည် သူ၏ ဝိညာဥ်ကြောခုနစ်ခုနှင့် သွေးကြောရှစ်ခုထဲကို စိမ့်ဝင်သွားပြီး သူ့လက်နှင့်ခြေတို့ကို ပျော့ပျောင်းစေသည်။  သူ့နားက မုန့်ချုံ့ကွမ်းရဲ့ တီးတိုးပြောသံတွေက စမ်းရေပင်လယ်အော်အဖြစ် ပြောင်းလဲသွားပြီး သတိမပေးဘဲ အိပ်ပျော်စေခဲ့သည်။

သူ့မှာ ထူးဆန်းတဲ့အိပ်မက်တစ်ခုရှိတယ်။

အိပ်မက်ထဲမှာတော့ ငါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မွှေးကြိုင်တဲ့ ငါးစာတွေနဲ့ ရောထွေးနေသည်။ မွှေးကြိုင်သော ငါးစာသည် ပျော့ပျောင်းပြီး နွေးထွေးကာ အသက်ဝင်လာသကဲ့သို့ သူ့အမြီးကို ဂရုတစိုက် နမ်းနေသည်။ ရွှီရှင်းကျီလည်း ဗိုက်မဆာသောကြောင့် သူ့အကြေးခွံတွေကို ပွတ်သပ်ပြီး လှည့်ပတ်ကစားနေခဲ့သည်။

လှည့်ကြည့်လိုက်သောအခါတွင် မွှေးကြိုင်သောအစာသည် မရေမတွက်နိုင်သော လက်အမျှင်များဆန့်ထုတ်ကာ သူ့ခန္ဓာကိုယ်ပေါ်သို့ ချည်နှောင်ပြီး အဆုံးမရှိရေစီးကြောင်းထဲသို့ ဆွဲခေါ်သွားသည်။

ရွှီရှင်းကျီသည် ရုန်းကန်လိုသော်လည်း ၎င်း၏လက်မျှင်များသည် ပျော့ပျောင်းပြီး ကြမ်းတမ်းသည်။ သူ့အရိုးတွေ တဆတ်ဆတ်တုန်လာသည်အထိ လျင်မြန်စွာ ရစ်ပတ်လာပြီး သန္တာကျောက်တန်းတွေထဲကို ဆွဲငင်ခံခဲ့ရသည်။

ရွှီရှင်းကျီသည် သူ့ခါးနှင့်ဒူးများ နာကျင်ပြီးပျော့ပျောင်းလာသဖြင့် လန့်နိုးသွားသည်။ လှုပ်ရှားလိုက်သောအခါတွင် သူ၏ဝမ်းဗိုက်အောက်ပိုင်းမှ နာကျင်မှုများ ပေါက်ကွဲထွက်လာသည်။

ရွှီရှင်းကျီက သူ့လက်ကို ဗိုက်ပေါ်တင်ထားလိုက်သည်နှင့် သိမ်မွေ့သော ခံစားချက်များ တစတစ တွန်းပို့နေသလို ခံစားလိုက်ရသည်။

....သူဘယ်အချိန် အိပ်ခန်းထဲပြန်ရောက်လာလဲမသိ၊ ခြေနှစ်ချောင်းကို သံကြိုးနဲ့ချည်ထားပြီး ကုတင်ပေါ်တွင် လဲလျောင်းနေကာ တစ်လက်မမှ မလှုပ်နိုင်ခဲ့ပေ။

ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]Where stories live. Discover now