Ch.(18) မှတ်ဉာဏ်များပြန်ကြည့်ခြင်း III

596 76 1
                                    

Unicode

ကနဦးတွေ့ဆုံမှု၊ ညှိနှိုင်းမှု၊ ဇီးသီးသကြားလုံး

ရွှီရှင်းကျီသည် အခန်းထဲသို့ ပြန်ဝင်သွားကာ သူ့အမြင်အာရုံ မှုန်ဝါးမှုကြောင့် အထဲမှပန်းအိုးကို ဝင်တိုက်လုနီးပါးဖြစ်သွားသည်။

ပန်းအိုးကို ထောက်လိုက်သည်နှင့် ရွှီရှင်းကျီ၏ မျက်လုံးများရှေ့မှ ပြတ်တောက်နေသော ပုံရိပ်များသည် တဖြည်းဖြည်း ပို၍​ကြည်လင်လာသည်။

သို့သော်လည်း ရွှီရှင်းကျီသည် ယခုအချိန်တွင် ခေါင်းမူးခြင်းမျိုးကို အတော်လေး ကျင့်သားရနေပြီဖြစ်သောကြောင့်၊ ယခုတစ်ကြိမ်တွင် သူမူးမေ့လဲခြင်း မရှိခဲ့ပေ။

ရွှီရှင်းကျီသည် နံရံခြေရင်းကို မှီ၍ ပြင်းပြင်းထန်ထန် အသက်ရှုလိုက်သည်။ သူ့မျက်စိရှေ့မှာတော့ ထူထပ်ပြီး ကျယ်ပြန့်တဲ့ မြူခိုးတွေက တရွေ့ရွေ့နဲ့ ကြည်လင်တဲ့မြင်ကွင်း အစားထိုးမလာခင်အထိ လှည့်ပတ်နေသည်။

နွေရာသီ မိုးရေကြောင့် စိုစွတ်​နေတဲ့လမ်းတစ်လမ်းဟာ သူ့မျက်လုံးရှေ့မှာ ပေါ်လာခဲ့သည်။

လမ်းတွင်တောက်ပပြီး ရောင်စုံမီးပုံးများဖြင့် ထွန်းညှိထားသည့် လက်ဖက်ရည်ဆိုင်နှင့် မျက်နှာချင်းဆိုင်မှ ဆောင်ကြာမြိုင်လေးတစ်ခုရှိသည်။ ဤအိမ်ငယ်လေးအတွင်းတွင် အမျိုးသမီးတစ်ဦးသည် ဗျပ်စောင်းပေါ်တွင် ဝမ်းနည်းဖွယ်သီချင်းကို တီးခတ်နေကာ သံစဉ်များမှာ ဆောင်းဦးမိုးသံနှင့် ရောထွေးကာ လွမ်းဆွေးမှု လွန်ကဲနေ၏။

လမ်းပေါ်မှာ လျှောက်သွားနေတဲ့လူတွေ မရှိသလောက်နည်းပြီး အထီးကျန် ဂေါ်ဖီထုပ်လေးတစ်ထုပ်သာ လမ်းဆုံလမ်းခွကို လှိမ့်သွားခဲ့သည်။

သကြားလုံးရောင်းတဲ့ ဆွံ့အနားမကြား အဘိုးအိုတစ်ယောက်သည် မိုးရှောင်ရန် လက်ဖက်ရည်ဆိုင်ရဲ့ တံစက်မြိတ်အောက်မှာ ထိုင်နေလေသည်။ သူ့​ဘေးမှာ မရောင်းရသေးတဲ့ ဇီးသီးသကြားလုံးတွေနဲ့ ပြည့်နေတဲ့ ကောက်ရိုးတစ်တိုင်လည်း ရှိနေသည်။

လက်ဖက်ရည်ဆိုင်က ဆိုင်ရှင်က သူ့ကိုအဝေးကို တွန်းထုတ်လိုက်ပြီး “ကဲ၊ ထွက်သွား၊ ထွက်သွား၊ ဒီမှာ ဂုဏ်ထူးဆောင် ဧည့်သည်တွေ ရှိနေတာမင်းမတွေ့ဘူးလား? သူတို့ကို စော်ကားရင် မင်းနောက်ဘဝအတွက် ကောင်းချီးတွေပါ ဆုံးရှုံးသွားလိမ့်မယ်”

ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]Where stories live. Discover now