Ch.(16) စင်မြင့်ပေါ်ကအိမ်မက်⚠

944 105 1
                                    

Unicode

နွေဦးည၊ ဝတ်ရုံလက်ပြတ်၊ ဟွာတန်လေး

.....မြောက်ဘက်။

မုန့်ချုံ့ကွမ်းသည် ရွှီရှင်းကျီ၏ စိတ်အပြောင်းအလဲများကို လုံးဝသတိမထားမိဘဲ ဆက်ပြောနေသည်။ “ဒါအမှန်လားတော့ မသိဘူး....ရှစ်ရှုန်း ဖုန်းတောင်ခေါင်းဆောင်က လိမ်နေတယ်လို့ထင်လား?"

ရွှီရှင်းကျီက တာဝန်ယူကာ သူ့အား ဒီအချက်အလက်တွေကမှန်တယ်၊ ဘာလို့ဆို လောင်ဇီက ဒီဝတ္ထုကိုရေးထားတာမို့လို့ လို့စိတ်ထဲမှာသာပြောလိုက်သည်။

ရွှီရှင်းကျီ၏ မျက်နှာပေါ်ရှိ အပြုံးအတုသည် တင်းမာနေလျက် "မင်း သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်လား?"

မုန့်ချုံ့ကွမ်းက ပြုံးပြီး တုံ့ပြန်ခဲ့သည်– “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူ့ဒုက္ခတောထဲက ဖယ်ထုတ်ပေးတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်က စကားသက်သက်ပဲ၊ သူ့ကို အသက်ရှင်လျက်ထားတာက အသုံးဝင်အုံးမှာပါ”

.....ရွှီရှင်းကျီဟာ တစ်နေ့မှာ သူ့ရဲ့အထောက်အထားကို ကံမကောင်းစွာ​​ဖြင့် ထုတ်ဖော်ခဲ့မိမယ်ဆိုရင် သူ့လည်ပင်းကို ဓားမြှောင်နဲ့ ချက်ခြင်းလှီးဖြတ်ဖို့ဆုံးဖြတ်လိုက်တော့သည်။ အဲ့ဒါဆို မုန့်ချုံ့ကွမ်းဆိုသည့် နတ်ဆိုး၏ မသေမရှင် ညှင်းပန်းနှိပ်စက်မှုကို ခံရမှာမဟုတ်တော့ပေ။

မကြာခင်မှာပဲ ကြောင်တစ်ကောင်ဖြစ်နိုင်တဲ့ ဒီဝါရင့်နတ်ဆိုးကြီးဟာ သူ့ရဲ့လက်မောင်းအောက်မှာ အိပ်ပျော်သွားခဲ့သည်။ မုန့်ချုံ့ကွမ်းသည် ရွှီရှင်းကျီ၏ဒူးများကို ပွေ့ဖက်ထားပြီး ကြောင်လေးကဲ့သို့ နှစ်ခြိုက်စွာ အိပ်မောကျနေကာ သူ၏ ပျော့ပျောင်းသောဆံပင်များက ၎င်းတို့အပေါ်တွင် ဖြန့်ကျက်နေသည်။

ရွှီရှင်းကျီ၏ ညာလက်က သူ့ဆံပင်ကို အထပ်ထပ်အခါခါ ပွတ်သပ်နေပြီး ဘယ်ဘက်လက်က ဓားမြှောင်လက်ကိုင်ကို ဆုပ်ကိုင်ကာ ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။

မုန့်ချုံ့ကွမ်းသည် နောက်ထပ်သော့အပိုင်းအစ၏ နေရာကို ရှာဖွေနေပြီဖြစ်သည်။ သူ့ကိုသတ်ဖို့အချိန်တန်ပြီမဟုတ်လား?

ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]Where stories live. Discover now