Introduction

3.3K 94 1
                                    

[Unicode]

Hello ~ ဒါက ကိုယ့်ရဲ့ ပထမဆုံး Own Creation Fiction အတွက် မိတ်ဆက်လေးပါ။

နာမည်ကိုတော့ Nephophile လို့ ပေးထားပြီး အဓိပ္ပာယ်ကတော့ တိမ်တွေကို ကြိုက်နှစ်သက်သူလို့ ဆိုလိုတာပါ။

Plot က ‌တကယ်ကို အေးအေးလေးနဲ့ ငြိမ့်ငြိမ့်ကလေးပါပဲ။ ကိုယ်တိုင်က ငြိမ့်ငြိမ့်လေးတွေ ပိုကြိုက်တာမို့လို့ Drama တွေ မပါဘဲ ငြိမ့်ငြိမ့်ကလေးနဲ့ အေးအေးချမ်းချမ်းလေး ဖြစ်အောင် ရေးထားပါတယ်။ ပုံမှန်လေးအတိုင်းပဲ ရေးထားတာမို့လို့ အများကြီး ထူးခြားတာမျိုး ပါမှာ မဟုတ်ပေမဲ့လည်း နည်းနည်း ၊ နည်းနည်းလေးတော့ တသိမ့်သိမ့် ခံစားချက်လေးကို ခံစားရဖို့ မျှော်လင့်ပါတယ်။

ဇာတ်လမ်း ၊ ဇာတ်ကွက် တစ်ခုချင်းစီကလည်း ကိုယ်ရယ် ၊ ကိုယ့်သူငယ်ချင်းတွေရယ် သေချာတွေးထားလေးပါ။ နှလုံးသားနဲ့ ကိုယ်တိုင် ခံစားပြီး ဖန်တီးထားလေးလည်းဖြစ်တာမို့လို့ ကိုယ့်ရဲ့ အဖိုးတန်လေးကို သဘောကျပေးကြပါအုံး။ ဝေဖန်ထောက်ပြ ချင်တာမျိုး ရှိရင်လည်း အချိန်မရွေး Wattpad Msg Box ကို လာလို့ရပါတယ်ရှင့်။ သဘာဝမကျတာမျိုး ရှိခဲ့ရင်လည်း Fiction တစ်ခုလို့ပဲ သဘောထားပြီး ချစ်တဲ့ မျက်စိနဲ့ ကြည့်ပေးကြပါနော်။

Update ကတော့ တစ်ပတ်ကို သုံးပိုင်းပါနော်။ ဖတ်ပေးမဲ့ သူတွေ အကုန်လုံးကို ကြိုပြီး ကျေးဇူးတင်ပါတယ်ရှင့်။

☁️

[Zawgyi]






Nephophile ( Completed )Where stories live. Discover now